close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့နယ်စာသင်ကျောင် လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ဆက်စပ်တဲ့အချက်အလက်တွေကို ကုလယန္တရား တောင်းခံ

ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ပေးပို့ဖို့ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က တောင်းခံထားပါတယ်။

စစ်တပ်ဗုံးကြဲမှု​ကြောင့်​သေဆုံးခဲ့တဲ့​​ကျောင်းသား​ကျောင်းသူများ။ဓါတ်ပုံ-AA Info Desk

စက်တင်ဘာ-၁၆၊ ၂၀၂၅။ People’s Spring

ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေ ပေးပို့ဖို့ ကုလသမဂ္ဂရဲ့စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က တောင်းခံထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)ဟာ စက်တင်ဘာ ၁၂ ရက်က ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊သရက်တစ်ပင်ကျေးရွာရှိကျောင်းအဆောက်အဦ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်အကြောင်း မျက်မြင်ကြုံတွေ့ခဲ့သူ၊ တိုက်ရိုက်သိရှိသူတွေအနေနဲ့ အထောက်အထားမျှဝေဖို့ တောင်းဆိုလိုက်ပါတယ်။ စစ်တပ်ရဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးသေဆုံးသူ ၂၀ ဦးရှိပြီး အများစုမှာ ကျောင်းသားများဖြစ်ကာ ၂၀​​​ကျော်ဒဏ်ရာရခဲ့ပါတယ်။

ကုလယန္တရား(IIMM)ဟာ အဲဒီဖြစ်ရပ်အပါအဝင် အခြားလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်တော်မြို့နယ်စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့ ဒဏ်ရာရရှိမှု၊ အပျက်အစီးများ၊ လေယာဥ်နဲ့ လက်နက်ခဲယမ်းများရဲ့ ဓာတ်ပုံဒါမဟုတ် ဗီဒီယိုများ၊ထိခိုက်သူများရဲ့ အချက်အလက်များ၊ လေကြောင်းတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဥ်နဲ့ လက်နက်အမျိုးအစားများရဲ့ အချက်အလက်များ၊ ပါဝင်သူလေယာဥ်မှူးများနဲ့ ပေးအပ်တဲ့ အမိန့်များရဲ့ အချက်အလက်များကို တောင်းခံထားပါတယ်။

အဲဒီအချက်အလက်များကို လက်ဝယ်ရရှိထားပါက ယန္တရားရဲ့ Signal နံပါတ် +41 76 691 12 08 ကို ဆက်သွယ်ဖို့ အသိပေးပါတယ်။

အဲဒီဝမ်းနည်းဖွယ်ရာဖြစ်စဥ်ဟာ၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကျောင်းများကိုဆိုးရွားစွာတိုက်ခိုက်မှုတွေမှာတစ်ခုအပါအဝင်ဖြစ်တယ်လို့ ကုလယန္တရားက ဖော်ပြပါတယ်။

ဒါ့အပြင် အခုတကြိမ်လေကြောင်းတိုက်ခိုက်မှုဟာ တိုက်ခိုက်မှုများ၊သတ်ဖြတ်မှုများ၊ အတင်းအကြပ်နေရပ်မှ ရွှေ့ပြောင်းခံရခြင်းများနဲ့ ငတ်မွတ်ခေါင်းပါးမှုများ ကြုံနေရတဲ့ ရခိုင်ပြည်နယ်ရှိ အရပ်သားလူမျိုးစုများအားလုံးရဲ့ ခံစားရတဲ့ ဒုက္ခများကို ပိုမိုဆိုးရွားစေတယ်လို့ ဆက်လက်ဖော်ပြပါတယ်။

ယန္တရားကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ကျုးလွန်တဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းဖို့နဲ့ စိစစ်သုံးသပ်ဖို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ပါတယ်။

နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ တရားရုံးများမှာ လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာမှာ အသုံးပြုနိုင်မယ့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုနဲ့သက်ဆိုင်တဲ့ ဖိုင်တွဲများကို ပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနဲ့ တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့မြောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ဆယ်ကျော်သက်အရွယ်ကလေးငယ်တွေအပါအဝင် ပြည်သူ၆ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်တောမြို့မှ မွတ်ဆလင်ခေါင်းဆောင်များတွေ့ဆုံမှုနှင့် ၁၃နှစ်ကြာပိတ်ထား‌သော မောင်တောမြို့မဂျာမေဗလီပြန်ဖွင့်လှစ်နိုင်မှုကို ရခိုင်နှင့် မွတ်ဆလင်အသိုင်းအဝိုင်းက ကြိုဆိုကြသည်။

သတင်း

ပြီးခဲ့သည့် ဩဂုတ်လက ဗုံးကြဲခဲ့ရပြီးအရပ်သား ၂၀ ကျော်သေဆုံးခဲ့သောမိုးကုတ်မြို့လင်း ရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီက ယနေ့ နံနက်တွင်ဗုံးထပ်မံကြဲ​သော​ကြောင့် အရက်သားထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများရှိခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားတဲ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ (APHR)ဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲက စာသင်ကျောင်းကို ဗုံးကြဲခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လုပ်ရပ်အပေါ် အပြင်း အထန်ရှုတ်ချခဲ့ပါတယ်။

Facebook