close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းမှာPDF ​တွေကစစ်တပ်ကိုနေရာ ၂ ​နေရာမှာတိုက်ခိုက်

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမပေါ်မှာဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနေရာ ၂ နေရာမှာတိုက်ခိုက်ခံရပြီးအထိအခိုက်များကြောင်း ဒေသခံတွေက ပြောပါတယ်။

မုံရွာ-မန္တလေးလမ်းပေါ်ကစစ်အုပ်စုကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့စဥ်။ဓာတ်ပုံ-File Video

စက်တင်ဘာ-၁၆၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမပေါ်မှာဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေနေရာ ၂ နေရာမှာတိုက်ခိုက်ခံရပြီးအထိအခိုက်များကြောင်း ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက်၄ နာရီခွဲခန့်ကမုံရွာ-မန္တလေးလမ်းပေါ်က မုံရွေးတိုးဂိတ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေပါ အသိမ်းခံလိုက်ရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

“ အဲဒီဂိတ်မှာတောပုကပျူတွေကောပါတယ်။ တောပုက ပျူတယောက်သေပြီး တယောက်ဆေးရုံရောက်သွားတယ်လို့ကြားတယ်။ ဖြစ်ပြီးတော့ အိမ်စီးကားတွေနဲ့ခေါ်သွားတာ။ စစ်သားအထိအခိုက်ကတော့ မသိရဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်သား ၈ ဦးသေဆုံးပြီး လက်နက် ၅ လက်ပါသိမ်းဆည်းရခဲ့တယ်လို့​ဒေသတွင်းသတင်းရင်း
မြစ်အချို့က​ပြောပါတယ်။ဒါ​ပေမယ့် People’s Spring က သီးခြားအတည်ပြုလို့မရသေးပါဘူး။

အလားတူ မုံရွာ-မန္တလေးလမ်းပိုင်းက အခြားနေရာတခုမှာလည်း မနက် ၈ နာရီခွဲလောက်က ပြည်သူတွေကို စစ်ဆေးငွေတောင်းနေတဲ့ စစ်ကောင်စီအုပ်စုကို အဝေးထိုင်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ ၄ ဦး သေဆုံးသွားကြောင်းမုံရွာခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ အနီးဝန်းကျင်မှာဂိတ်တွေရှိတယ်။ မုံရွာ-မန္တလေးလမ်းပေါ်မှာ ဂိတ်တခုနဲ့တခုကမဝေးဘူး။ အဲဒီကြားထဲကနေ ထွက်ကြတာ။” လို့ ၎င်းက ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ တပ်ခွဲ (၂) 5/ Commando Force၊ တပ်ရင်း (၂၈) တပ်ခွဲ (၃)၊ တမူးခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် (၄) တပ်ရင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။

ပြည်သူများ အနေနဲ့ မုံရွာ- မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီယာဥ်တန်းနဲ့တွေ့ပါက ကပ်မလိုက်ဖို့ တပ်ရင်း(၄)က မေတ္တာရပ်ခံထားပါတယ်။

တိုက်ပွဲတွေဖြစ်နေလို့ မုံရွာ-မန္တလေးလမ်းကို မနက်ခင်းတပိုင်းလုံး လမ်းပိတ်ထားခဲ့ပြီး နေ့လယ်ပိုင်းမှာ ပြန်ဖွင့်ခဲ့ပေမဲ့ ယာဥ်သွားယာဥ်လာရှင်းနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက စဉ့်ကိုင်ကျေးရွာကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ မတ္တရာမြို့နယ် အနောက်ခြမ်းကိုပါ စစ်ကြောင်းထိုးခဲ့ပြီး အနည်းဆုံးပြည်သူ ၁၀ဦးထက်မနည်းသတ်ဖြတ်ခံရကာ ဖမ်းဆီးခံရတဲ့အထဲမှာ ပျောက်ဆုံးနေတဲ့ ပြည်သူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမှာတိုက်ပွဲဖြစ်နေလို့လမ်းပိတ်ထားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်မှာ သူခိုးတွေသောင်းကျန်းနေပြီး ဝင်းတံခါးတွေ၊ နေအိမ်တံခါးတွေကိုပါဖျက်ပြီး ဆိုင်ကယ်တွေ ဝင်ခိုးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာစစ်ကောင်စီကပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကာ မဲမပေးဖို့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

Facebook