close
Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊တောင်မဲသင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်နဲ့စ​စ်ရှောင်ကူညီနေတဲ့သူတွေက ပြောပါတယ်။

၂၀၂၄က ပင်လောင်းမြို့နယ် တောင်မဲသင်းရွာအနီး တိုက်ပွဲဖြစ်ပွားနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၇၊ ၂၀၂၅။ရဲခေါင် /People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊တောင်မဲသင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်နဲ့စ​စ်ရှောင်ကူညီနေတဲ့သူတွေက ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၇ရက်) မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။

“ တော်လှန်ရေးအင်အားစုဘက်ကပြန်ပြီးထိုးစစ်ဆင်တယ်လို့ ကြားတယ်။အသံကြီး၊အသံသေး အစုံပဲ။မနက်ကတည်းက လို့ပဲ သိရတယ်” လို့ ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအနီးနားက ကျေးရွာတွေအနေနဲ့ လုံခြုံရေးအထူးဂရုစိုက်ကြဖို့ နဲ့ လူစုလူဝေးလုံးဝမလုပ်ကြဖို့ စစ်ရှောင်အရေးကူညီနေတဲ့ကိုရာဇာက တိုက်တွန်းပါတယ်။

“ တိုက်ပွဲဘယ်နေရာမှာပဲဖြစ်ဖြစ် မိမိနေထိုင်ရာ ကျေးရွာနဲ့စစ်ရှောင်စခန်းတွေကို စကမဖက်က အချိန်မရွေး လေယာဥ်နဲ့ဗုံးကြဲခြင်း၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း အသေခံဒရုန်းဖြင့်ဗုံးကြဲခြင်းများ အချိန်မရွေးပစ်ခတ်တိုက်ခိုက်နိူင်တယ်ဆိုတာ အမြဲသတိရ၊သတိချပ်ကြပါ” လို့ သူက ပြောပါတယ်။

ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စုထဲက တောင်မဲသင်း၊ ပင်ပွံ၊ နမ်းနိန်း၊လုံးပျဉ်စတဲ့ကျေးရွာတွေကိုဒေသခံတော်လှန်ရေးတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကနယ်မြေစိုးမိုးထားခဲ့ပေမယ့်အခုနှစ် စက်တင် ဘာဒုတိယပတ်က စစ်ကောင်စီတပ်နဲ့ PNO ကအင်အားအလုံး အရင်းနဲ့ထိုးစစ်ဆင်ပြီး ပြန်ယူခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ တောင်မဲသင်းရွာတိုက်ပွဲဖြစ်စဥ်နဲ့ပတ်သက်လို့ဒေသခံတော်လှန် ရေးအင်အားစုတွေကို လူထုနွေဦးက ဆက်သွယ်​မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ကရင်နီနဲ့ ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် PNO တို့ ပူးပေါင်းစစ်ရေးလှုပ်ရှားတာတွေကြောင့် ကြိုးကြားတိုက်ပွဲတွေရှိနေတယ်လို့ ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)က အောက်တိုဘာ ၆ရက်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်၊ အမ်း-ပဒါန်းလမ်း နဲ့ ပဲခူးတိုင်းထဲက တောင်ကုတ်- ပန်းတောင်းကားလမ်းပေါ်က လေသာတောင်စခန်း ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး AAနဲ့ ပူးပေါင်းတပ်တွေကစစ်သုံ့ပန်းအများအပြားကို ဖမ်းမိထားတယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ တိုက်ပွဲတွေဟာ မြို့နဲ့ပိုနီးလာပြီး ပြင်းထန်နေသလို မြို့​ပေါ်က ဌာနဆိုင်ရာအ​ဆောက်အအုံတချို့မီး​လောင်​နေတယ်လို့ ​သိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့အနီးက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်က နေအိမ်တွေ မီးရှို့ကာ ပြည်သူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကနီမြို့နယ်၊ချောင်းမရွာတိုက်ပွဲကနေ ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်တပ်စစ်ကြောင်းကို ​တော်လှန်​ရေးအဖွဲ့​တွေကကြားဖြတ်တိုက်ခိုက်တာမှာ ၃ဦး သေဆုံးပြီး ၃ဦးဖမ်းမိထားတယ်လို့ယင်းမာပင်မြို့နယ်ပကဖ -ULF စစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။

Facebook