close
Connect with us

Hi, what are you looking for?

သတင်း

ဆီမီးထွန်းနေချိန် ဗုံးကြဲခံရမှုမှာ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုကရဲဘော် ၂ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာသီတင်းကျွတ်လပြည့်ညမှာ ဆီမီးထွန်းနေချိန် စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ရဲဘော်ချမ်းငြိမ်းအောင် နဲ့ ရဲဘော်ညီညီဇော်တို့ ကျဆုံးခဲ့ပါတယ်။

ကျဆုံးခဲ့ရသည့် ရဲဘော်ချမ်းငြိမ်းအောင်နှင့် ရဲ​ဘော်ညီညီဇော်အားတွေ့ရစဥ် ဓာတ်ပုံ-လူမှုကွန်ရက်

အောက်တိုဘာ-၇၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာသီတင်းကျွတ်လပြည့်ညမှာ ဆီမီးထွန်းနေချိန် စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ရဲဘော်ချမ်းငြိမ်းအောင် နဲ့ ရဲဘော်ညီညီဇော်တို့ ကျဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက လူထုတိုက်ပွဲ မြှင့်တင်ရေးကော်မတီမှ ရဲဘော်ချမ်းငြိမ်းအောင်၊ ဘဏ္ဍာရေးကော်မတီမှ ရဲဘော်ညီညီဇော်တို့ဟာအောက်တိုဘာ ၆ ရက် ည ၇ နာရီမှာ ကျဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

၎င်းတို့ ၂ ဦးဟာမုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီမှာလည်း ပါဝင်ခဲ့ပြီး ချောင်းဦးနဲ့ မုံရွာအစပ်က တနေရာမှာ ပြည်သူတွေနဲ့အတူ ဆီမီးထွန်းနေချိန် စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဲဘော် ချမ်းငြိမ်းအောင်နဲ့ ရဲဘော်ညီညီဇော်တို့ဟာ ပြည်သူလူထု အကျိုးအတွက် အကြမ်းမဖက် လူထုလှုပ်ရှားမှုများကို အစဥ်တစိုက်လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေအဖြစ်လည်းကောင်း၊ နွေဦးတော်လှန်ရေးမှာ ပေးအပ်တဲ့ လုပ်ငန်း တာဝန်များကိုတာဝန်ကျေပွန်စွာအစဥ်တစိုက်လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေအဖြစ်လည်းကောင်း နွေဦးတော်လှန်ရေး သူရဲကောင်းတွေအဖြစ် ဂုဏ်ယူစွာ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက အသိပေးပါတယ်။

သူတို့နှစ်ဦး ယုံကြည်ကြိုးပမ်းတိုက်ပွဲဝင်ခဲ့တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အသစ်တရပ် တည်ဆောက်နိုင်ရေးအတွက် သပိတ်အင်အားစုက ရဲဘော်တွေဟာ ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ချီတက်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထပ်မံအသိပေးပါတယ်။

ကျဆုံးသူတွေထဲမှာ ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေလည်း ပါဝင်ခဲ့ပါတယ်။​အောက်တိုဘာ၇ ရက် ညဦးပိုင်းရတဲ့သတင်းအရ ​ပြည်သူ ၂၄ ဦး​သေဆုံးပြီး​တော့ ၄၀ ကျော် ဒဏ်ရာရတယ်လို့အမျိုးသားညီညွတ်​ရေးအစိုးရမှ တာဝန်ရှိသူ တဦးက​ပြောပါတယ် ။ ​သေဆုံးဒဏ်ရာရသူဟာ ဒီထက်လည်း ပိုများနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ထိခိုက်သူတွေကိုလည်း ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေပြီးဆေးဝါး ​၊သွေးနဲ့အခြားအကူအညီတွေလည်း လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်​ကောင်စီက စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာကြ သီတင်းကျွတ်ပွဲ​တော်​တွေကို မလုပ်ရမ​နေရ စစ်တပ်ခန့်အုပ်ကြီး​တွေကတဆင့်လုပ်ခိုင်းပါတယ် ။ပြီးရင် ပွဲ​တော်​တွေစည်ကား​အောင် ​ပျော်ပွဲရွှင်ပွဲ ၊​လောင်းကစားပွဲ​တွေပါထည့်ပြီး နည်းမျိုးစုံနဲ့ လုပ်​ပါတယ်။ တဖက်မှာ​​တော့ တော်လှန်​ရေးအင်အားစု​တွေ စိုးမိုးထားတဲ့​ဒေသ​တွေကိုကြ​ ဗုံးမိုးရွာပြီး ပြည်သူ​တွေကို သတ်ဖြတ်တာဖြစ်ပါတယ် ။

သတင်း

ညတွင်းချင်း နာရေးပြုလုပ်ချိန် စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်

သတင်း

သတင်းကျွတ်လပြည့်ကျော်၁ရက်နေ့(အောက်တိုဘာလ ၇ရက်)မနက်အစောပိုင်းမှာ စစ်ကောင်စီကနမ္မတူမြို့ကို လေကြောင်းကနေဗုံးထပ်ကြဲခဲ့ပြန်ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ ဗုံးကြဲနေတာတွေကို ရပ်ထားဖို့ အစ္စရေးကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

Facebook