close
Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမှာစစ်အုပ်စုကရွာမီးရှို့လို့ထွက်ပြေးလာတဲ့ဒေသခံတွေကိုကူညီရေးအဖွဲ့တွေ ကယ်ထုတ်

စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ်ကကျေးရွာမီးရှို့လိုက်လို့ ထွက်ပြေးလာတဲ့ ဖယ်ခုံမြို့နယ် ဘောရန်ရွာဒေသခံအချို့ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ခဲ့ရပါတယ်။

Screenshot

အောက်တိုဘာ-၁၄၊၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ်ကကျေးရွာမီးရှို့လိုက်လို့ ထွက်ပြေးလာတဲ့ ဖယ်ခုံမြို့နယ် ဘောရန်ရွာဒေသခံအချို့ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ခဲ့ရပါတယ်။

ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေအရ သက်ကြီးပိုင်းအမျိုးသမီးနှစ်ဦးဟာ သူတို့ရဲ့နေ အိမ်တွေ မီးရှို့ခံလိုက်ရလို့ အားငယ်စွာနဲ့ ငိုကြွေးနေတာကို တွေ့ရပါတယ်။

“ ဘာမှ မဖြစ်ဘူးနော်၊ဝမ်းမနည်းနဲ့။ ကျွန်တော်တို့ လွတ်တဲ့နေရာရောက်ပြီ။အဆင်ပြေပြီနော်” လို့ စစ်ရှောင်ဖို့ကူညီခဲ့တဲ့ ကိုဆက်နောင်က နှစ်သိမ့်စကားပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရှောင်အမျိုးသမီးကြီးက “ အဆင်ပြေတယ်” လို့ ဆိုကာ ဒေသစကားအချို့ကို ရှိုက်ကြီးငင်စွာနဲ့ ပြောပါတယ်။

“ သူတို့ပြောတာက ဘာတစ်ခုမှ မယူလာနိုင်ဘူး။သူတို့ညီအမ နှစ်ဦးစလုံးရဲ့ အိမ်တွေ မီးရှို့ခံရတဲ့ အထဲ ပါသွားပြီး ပြောတာ” လို့ ကူညီကယ်ဆယ်ခဲ့သူတစ်ဦးက ရှင်းပြပါတယ်။

အဲဒီ စစ်ရှောင်ညီအမနှစ်ဦးနဲ့အတူ ဒေသခံတွေက ဘောရန်ရွာကနေ ဘေးကင်းတဲ့နေရာအထိရောက်နိုင်ဖို့ ၂နာရီခွဲ ၃နာရီလောက်အထိ ခြေကျင်လမ်းလျှောက်ထွက်ပြေး လာခဲ့ရတာလို့လည်း ၎င်က ပြောပါတယ်။

“ ကျွန်တော်တို့ အရေးပေါ် ရွှေ့ပြောင်းပေးတာ၊ဆန် အရေးပေါ်ထောက်ပံ့ပေးတာတွေ လုပ်ခဲ့ပါတယ်။အပူအပင် ဒုက္ခပင်ပန်းမှုများနေတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ မျက်နှာကိုမြင်ရတာ အတော်ရင်ထဲထိတယ်။စိတ်မကောင်းဘူး။လိုအပ်ချက်တွေများနေသေးတယ်” လို့ ကိုဆက်နောင်က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ PNOက အောက်တိုဘာ ၁၀ ရက်မှာ ဖယ်ခုံမြို့နယ်က မြောက်စလုံးရွာနဲ့ အောက်တိုဘာ ၁၃ရက်မှာ ဘောရန်ကျေးရွာကို ​​စစ်ကြောင်းဝင်ပြီး နေအိမ်တွေ မီးရှို့ခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ နေအိမ်တွေ ကိုယ်တိုင် မီးရှို့ခဲ့တဲ့ရုပ်သံမှတ်တမ်းတွေကို PNO တပ်သားတွေက သူတို့ရဲ့ TikTok လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။

လူဦးရေ ၂,၀၀၀ ဝန်းကျင်ရှိတဲ့ ဘောရန်ရွာမှာထက်ဝက်ကျော်က ပအိုဝ်းလူမျိုးတွေ ဖြစ်ပြီး ကျန်တာက ရှမ်း၊ကယန်း၊ဗမာလူမျိုးတွေလို့ ၂၀၁၄ သန်းခေါင်စာရင်းအချက်အလက်တွေမှာ ပါရှိပါတယ်။

မြောက်စလုံးနဲ့ ဘောရန်ရွာက စစ်ရှောင်ရတဲ့ ပြည်သူ ၄၀၀၀ဝန်းကျင်ရှိနေပြီး ကျန်းမာရေး၊အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ များစွာလိုနေတယ်လို့ သိရပါတယ်။

၂၀၂၂ နောက်ပိုင်းကစလို့ ပအိုဝ်းပြည်သူ့စစ် PNOက ဟိုပုံး၊ဆီဆိုင်၊ပင်လောင်းမြို့နယ်တွေမှာ တပ်သားသစ်အလုံးအရင်းစုဆောင်းပြီး စစ်ကောင်စီအတွက် ရှမ်းတောင်နဲ့ ကရင်နီမှာ အင်အားဖြည့်ပေးနေတာလို့ စစ်ရေးသတင်းရင်းမြစ်အချို့က ဆိုပါတယ်။

ကရင်နီနဲ့ ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်၊မိုးဗြဲ မြို့ဘက်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းစစ်ရေးလှုပ်ရှားတာနဲ့ ကျေးရွာတွေကိုမီးရှို့နေတယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က အောက်တိုဘာ ၁၃ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံမှာစစ်အုပ်စုကရွာမီးရှို့လို့ထွက်ပြေးလာတဲ့ဒေသခံတွေကိုကူညီရေးအဖွဲ့တွေ ကယ်ထုတ် အောက်တိုဘာ-၁၄၊၂၀၂၅။ဇော်ဝင်း/People's…

Posted by People's Spring on Tuesday 14 October 2025

ရုပ်သံ – Satt Naung

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့မေးမြန်းခန်း

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ဘောရန်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားတွေက မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဆီမီးထွန်းပွဲကို ဗုံးကြဲခဲ့တဲ့ စစ်အုပ်စုကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံသာမက နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး နိုင်ငံတကာ ယန္တရားတွေမှာ တရားစွဲဆိုအပြစ်ပေးနိုင်ဖို့ ဝိုင်းဝန်းကြိုးစားပေးရန် နိုင်ငံတကာရှိ အစိုးရများနဲ့ အဖွဲ့အစည်းများအား အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

စစ်​ကောင်စီက စစ်တပ်ထိန်းချုပ်ထားတဲ့​ဒေသ​တွေမှာကြ သီတင်းကျွတ်ပွဲ​တော်​တွေကို မလုပ်ရမ​နေရ စစ်တပ်ခန့်အုပ်ကြီး​တွေကတဆင့်လုပ်ခိုင်းပါတယ် ။ပြီးရင် ပွဲ​တော်​တွေစည်ကား​အောင် ​ပျော်ပွဲရွှင်ပွဲ ၊​လောင်းကစားပွဲ​တွေပါထည့်ပြီး နည်းမျိုးစုံနဲ့ လုပ်​ပါတယ်။ တဖက်မှာ​​တော့ တော်လှန်​ရေးအင်အားစု​တွေ စိုးမိုးထားတဲ့​ဒေသ​တွေကိုကြ​ ဗုံးမိုးရွာပြီး ပြည်သူ​တွေကို သတ်ဖြတ်တာဖြစ်ပါတယ် ။

Facebook