close
Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်မှုပိုကျူးလွန်လာနိုင်လို့ စစ်ကောင်စီလေကြောင်းရန် သတိထားဖို့၊ ထိခိုက်ဆုံးရှုံးနေရသူတွေဝိုင်းကူဖို့ တအာင်းပြည်ကောင်စီ တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီတပ်က အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်စွာ ပြုလုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိပြုဖို့ တအာင်းပြည်ကောင်စီ(TLC)က နှိုးဆော်တိုက်တွန်းချက် ထုတ်ပြန်လိုက်ပါတယ်။

TNLAထိန်းချုပ်ရာ နန့်ဆန်မြို့နယ် အုမ်းစွမ်းကျေးရွာကို စစ် ကောင်စီက အောက်တိုဘာ ၁၄ရက်မှာ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၁၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်က အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်စွာ ပြုလုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိပြုဖို့ တအာင်းပြည်ကောင်စီ(TLC)က နှိုးဆော်တိုက်တွန်းချက် ထုတ်ပြန်လိုက်ပါတယ်။

တအာင်းတပ်မတော်(PSLF/TNLA)နဲ့ တအာင်းနိုင်ငံရေးပါတီ၊ တအာင်းအရပ်ဘက်အဖွဲ့ တွေ ပါဝင်စုဖွဲ့ထားတဲ့ TLCက အောက်တိုဘာ ၁၄ရက် မှာ နှိုးဆော်တိုက်တွန်းချက် တရပ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ လူထုကိုအဓိကပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်မှုနဲ့ အကြမ်းဖက် ကျူးလွန် နေမှုများ ပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေတွေ တွေ့မြင်နေရတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် လူထုအနေနဲ့ လေကြောင်းအန္တရာယ်ကို ရှောင်ရှားသွားလာကြဖို့နဲ့ ဘေးကင်းလုံခြုံတဲ့ နေရာတွေဆီကို သတိဝီရိယနဲ့အထူးသတိပြုနေထိုင်စေလိုကြောင်း နှိုးဆော်ထားသလို နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေအခက်အခဲတွေကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ၊ နစ်နာမှုတွေ ခံစားနေရတဲ့ လူထုကို ပြည်တွင်း ပြည်ပ အဖွဲ့အစည်းဖြစ်စေ၊ တဦးချင်းဖြစ်စေ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ တိုက်တွန်းထားတာပါ။

စစ်ကောင်စီဟာ တနိုင်ငံလုံးမှာ အများပြည်သူနေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာ အဆက်မပြုတ်ကျူးလွန်နေရာ စက်တင်ဘာလကနေ အောက်တိုဘာဒုတိယပတ်အတွင်း ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုးကုတ်၊ မိုးမိတ်၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်နဲ့ မန်တုံမြိုနယ်တွေက ပြည်သူလူထု နေထိုင်ရာနေရာတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ပြည်သူတွေသေဆုံးထိခိုက်ခဲ့ရပြီး နေအိမ်၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း အသိပေးပြီး စစ်ရှောင်ပြည်သူတွေလည်း အခက်အခဲများစွာ ကြုံနေရတယ်လို့ TLCက ထုတ်ပြန်ပါတယ်။

TNLAရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာလဝက်အတွင်း တအာင်းဒေသရှိ ပြည်သူ ၃၀ခန့် အသက်သေဆုံးခဲ့ရသလို ၃၀ ကျော် ဒဏ်ရာရရှိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာဘုရားပွဲပြန်လာသူတွေကိုစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးလို့ လူငယ်အများအပြားဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ ရွာသာကြီးကျေးရွာမှာ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်ရဲ့ မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်အရာရှိ​တွေ ဗျူဟာက​နေ ပဇီရွာဘက်ဆုတ်ခွာသွားပြီး ပြန်စစ်​ကြောင်းထိုးဖို့ကြိုးစား၊သင်တန်းဆင်းစစ်သားသစ်​တွေ ​တော်လှန်​ရေးတပ်​တွေထံဆက်တိုက်အလင်းဝင်

Facebook