အောက်တိုဘာ-၂၆၊၂၀၂၅။ထားမြတ်/People’s Spring
ဆောမြို့မှာ အသက် ၁၃နှစ်အရွယ်မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဆောမြို့ပေါ်မှာ ဒေသခံတွေက ဒီကနေ့ ဆန္ဒပြခဲ့ပါတယ်။
အောက်တိုဘာ ၂၁ရက်က ဆောမြို့က အသက် ၁၃နှစ် မိန်းကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ ကျူးလွန်သူကိုဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဖမ်းဆီးစစ်ဆေးနေတယ်လို့ထုတ်ပြန်ပါတယ်။
ပြစ်မှုကျူးလွန်သူဟာ အသက် ၂၁နှစ်အရွယ် မင်းမင်းစိုး ဆိုတဲ့ ကာကွယ်ရေးရဲဘော် ဖြစ်ပြီး သူကလည်း ကျူးလွန်တာကို ဝန်ခံထားတယ်လို့ ဆိုပါတယ်။

Public Service Announcement
မိန်းကလေးငယ်ကို ကျူးလွန်ခဲ့သူကို သေဒဏ်ပေးဖို့ ဆောမြို့ ပြည်သူတွေက ဆန္ဒပြ တောင်းဆိုခဲ့တဲ့ ရုပ်သံကိုလည်း ဒေသခံတဦးကအောက်တိုဘာ ၂၆ ရက်မှာ လူမှုကွန်ယက်မှာဖော်ပြထားပါတယ်။ ဆန္ဒထုတ်ဖော်သူတွေက ကျူးလွန်သူကို ပြည်သူ့ရှေ့မှာ ချက်ချင်း သေဒဏ်ပေးဖို့ တောင်းဆိုနေကြတာကိုလည်း ရုပ်သံမှာ ကြားရပါတယ်။
“အရင်ကလည်းမုဒိမ်းမှု ရှိတဲ့တဲ့ သူက(ကျူးလွန်သူက)”လို့ဒေသသတင်းရင်းမြစ်ကတဦးကပြောပါတယ်။
အောက်တိုဘာ ၂၆ ရက်ညမှာဆောမြို့ပေါ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေကြောင်းလည်း ဒေသခံအချို့ကပြောပါတယ်။ ပစ်ခတ်မှုကို စစ်ကောင်စီတပ်က ပြုလုပ်နေတာဖြစ်ပြီး ဘာကြောင့် ပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရာ အသေးစိတ်ကို မသိရသေးဘူးလို့လည်း သူကဆက်ပြောပါတယ်။
မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်သူကို သေဒဏ်ပေးဖို့ ဆောမြို့မှာ ဆန္ဒပြတောင်းဆို အောက်တိုဘာ-၂၆၊၂၀၂၅။ထားမြတ်/People’s…
Posted by People's Spring on Sunday 26 October 2025
ရုပ်သံ-ဒေသခံ
















































