close
Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်မှာ စစ်အုပ်စုယာဥ်တန်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာ-၂၈၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၂၈ ရက်) နေ့လည် ၁နာရီဝန်းကျင်က မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာနဲ့ဝန်တွင်းကျေးရွာကြားမှာ ကားလေးစီးပါတဲ့ စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ သတင်းအရ ကြိုတင်ကင်းပုန်းဝပ်နေတာ ရှိတယ်။အဲဒီမှာ တိုင်းအဆင့်ရဲမှူးအပါ ကားလေးစီးက ဖြတ် သန်းလာတဲ့အခါ အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲတယ်။ပစ်ခတ်တဲ့အခါ ဖိုးဝှီီးကားတစ်စီးထိမှန်တယ်။အထိအခိုက်များစွာနဲ့ မောင်းပြေးတယ်။အဲဒါကို ကျွန်တော်တို့ လိုက်ရှင်းတဲ့အခါ ခဲ ယမ်းအချို့ရတယ်။ကျန်တဲ့ကားကို မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က မျက်မြင်လေးဦးဝန်းကျင် ထိခိုက်သေဆုံးနိုင်ပြီး ၎င်းတို့ထံကနေ ကျည်တွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့၊ ကျပ်သုံးသိန်း သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။

တိုက်ခိုက်မူအပြီးနောက်ပိုင်းမှာ မင်းတုန်းမြို့အဝင် ၊ (၅)မိုင်စစ်ဆေးရေးဂိတ်ကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေ အနေနဲ့ ဂရုစိုက်နေထိုင်သွားလာကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက တိုက်တွန်းပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မင်းတုန်းမြို့မှာ ဆပ်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီရဲတွေတိုက်ခိုက်ခံရပြီး နှစ်ဦး သေခဲ့ပါတယ်။ လက်နက်နှစ်လက်ပါ ရရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သရက်ခရိုင်အနေနဲ့ စစ်ရေးအရ ပြင်းထန်မှုမရှိသေးသော်လည်း စစ်ကောင်စီရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်ရေးလှုပ်ရှားတဲ့နယ်မြေတွေမှာ တိုက်ခိုက်မှုအရှိန်မြှင့်တင်မယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ယာဥ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဝင် ၂ ဦးသေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နေ ပြည်သူတွေအနေနဲ့ မနက်ဖြန် အောက်တိုဘာ ၂၉ရက်ကနေစပြီး ညဘက် အပြင်လုံး၀ မထွက်ကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ဇာတ်ကားရိုက်ကူးပေးတဲ့ သရုပ်ဆောင်တွေဟာ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှုကြောင့် ‌သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်‌ ဖျက်သူတွေရှိသလို အချို့ကလည်း မှတ်ချက်ရေးသားတဲ့ Comment တွေ ပိတ်ထားကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့က စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။

Facebook