close
Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမြို့ကို စစ်တပ်အင်အားဖြည့်နေလို့ ညမထွက်ရအမိန့် CDF ထုတ်ပြန်

ချင်းပြည်နယ်၊ ဟားခါးမြို့နေ ပြည်သူတွေအနေနဲ့ မနက်ဖြန် အောက်တိုဘာ ၂၉ရက်ကနေစပြီး ညဘက် အပြင်လုံး၀ မထွက်ကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

ဟားခါးမြို့တနေရာမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့နေ ပြည်သူတွေအနေနဲ့ မနက်ဖြန် အောက်တိုဘာ ၂၉ရက်ကနေစပြီး ညဘက် အပြင်လုံး၀ မထွက်ကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းမှုတွေလုပ်ဆောင်လာနေလို့ အခုလို အမိန့်ထုတ်ပြန်တာဖြစ်ပြီး မနက်ဖြန် အောက်တိုဘာ ၂၉ရက်ကနေ ၂၀၂၆ ဇန်နဝါရီလကုန်အထိ သုံးလကျော်ကြာ ညဘက်တွေမှာ အပြင်လုံး၀ မထွက်ကြဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။

CDF ဟားခါးက အခုလို အမိန့်ထုတ်ပြန်တာဟာ စစ်ရေးပိုမြင့်လာနိုင်တာကို လူထုကို ကြို သတိပေးတာ မျိုးဖြစ်နိုင်တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” မြို့ထဲမှာ တခုခု လုပ်မယ်ထင်တယ်” လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ နေ့စဉ် ဗုံးကြဲ၊ သတ်ဖြတ်၊ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ အသက်အုံးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေရပြီး အကြောက်တရားဖန်တီးကာ အတင်းအမ္ဓ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေကြောင်း CDF ဟားခါးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရွေးကောက်ပွဲအကြောင်းပြကာ အချိန်မရွေး ညသန်းကောင်အချိန်များ တွင်ပါ လူနေအိမ်များဝင်ရောက်စစ်ဆေးဖမ်းဆီးတာ၊ ချင်းပြည်အနှံ့သာမက ချင်းပြည်နယ် မြို့တော် ဟားခါးကိုပါ လေယာဉ်၊ ရဟယာဉ်နဲ့ စစ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေကြောင်း CDF ဟားခါးက ထုတ်ပြန်ကာ ညဘက် အပြင်လုံး၀မထွက်ဖို့ တားမြစ်ခဲ့တာပါ။

“ မိဘပြည်သူများအနေဖြင့် စိတ်ရှည် သတိကြီးရှိစွာ ပူးပေါင်းပါဝင်ပေးကြပါရန်နှင့် ဤအမိန့်လိုက်နာရန် ပျက်ကွက်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး ပစ်ခတ်တိုက်ခံရပါက တာဝန်ယူဖြေရှင်းမည်မဟုတ်ပါ” လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

CDF ဟားခါးဟာ အောက်တိုဘာ ၁၆ရက်က ဟားခါးမြို့မ ရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ဆင်ရေး ဖောင်ဆောင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးသေဆုံးကာ တော်လှန်ရေးရဲဘော် ၅ဦး အပါအဝင် အကျဉ်းသား ၁၅ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်အုပ်စုယာဥ်တန်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ယာဥ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဝင် ၂ ဦးသေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ဇာတ်ကားရိုက်ကူးပေးတဲ့ သရုပ်ဆောင်တွေဟာ ပြည်သူတွေရဲ့ Boycott ပြုလုပ်မှုကြောင့် ‌သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်‌ ဖျက်သူတွေရှိသလို အချို့ကလည်း မှတ်ချက်ရေးသားတဲ့ Comment တွေ ပိတ်ထားကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့က စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။

Facebook