close
Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှာ ရွေးကောက်ပွဲဝင်မယ့်အမတ်လောင်း အဖမ်းခံရလို့ စစ်တ​ပ်ကပြည်သူ ၁၇ ဦးကိုဖမ်း

ပခုက္ကူမြို့နယ်၊ အေးကျွန်းရွာမှာ ရွေးကောက်ပွဲဝင်မယ့်အမတ်လောင်း အဖမ်းခံရပြီးတဲ့နောက် ပြည်သူ ၁၇ ဦးကို စစ်တပ်က လာရောက်ဖမ်း​ဆီးသွားကြောင်း ဒေသခံ​တွေကပြောပါတယ်။

ဒီဇင်ဘာ-၁၊၂၀၂၅၊ဟာနာဆန်/People’s Spring

ပခုက္ကူမြို့နယ်၊ အေးကျွန်းရွာမှာ ရွေးကောက်ပွဲဝင်မယ့်အမတ်လောင်း အဖမ်းခံရပြီးတဲ့နောက် ပြည်သူ ၁၇ ဦးကို စစ်တပ်က လာရောက်ဖမ်း​ဆီးသွားကြောင်း ဒေသခံ​တွေကပြောပါတယ်။

နိုဝင်ဘာ၂၈ ရက် မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ အေးကျွန်းရွာက ရွေးကောက်ပွဲဝင်မယ့်ပြည်သူ့ပါတီအမတ်လောင်းဝေလင်းထက်အား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံ​တွေကပြောပါတယ်။

အမတ်လောင်းအဖမ်းခံရပြီးနောက်အေးကျွန်းရွာကို စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး ကျေးရွာနေ ပြည်သူ ၅ ဦးနဲ့ အနီးက ကျွဲတဲကမ်းနားရွာက ပြည်သူ ၁၂ ဦးကို ဖမ်း​ဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ တပ်မ ၁၀၁ ထဲပါသွားတဲ့တချို့ကတော့ သိန်း ၃၀ နဲ့ ပြန်လွတ်တယ်ပြောတယ်။ကျန်တဲ့သူတွေတော့ မလွှတ်သေးဘူး” လို့ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းကို ဘယ်အဖွဲ့က ဖမ်း​ဆီးသွားတယ်ဆိုတာ မသိရသေးပါဘူး။ အဖမ်းခံရတဲ့ အမတ်လောင်းဟာ ရွာခံ ပျူစောထီးတွေနဲ့လည်း ရန်ငြှိုးရန်စရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ