close
Connect with us

Hi, what are you looking for?

သတင်း

စစ်ရှိန်မြှင့်ဖို့ ပဲခူးတိုင်းစစ်ဌာနကို NUG လက်နက်တပ်ဆင်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနကို လက်နက်တပ်ဆင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနကို လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - အမှတ်(၂)စစ်ဆင်ရေးနယ်မြေ

ဒီဇင်ဘာ-၉၊ ၂၀၂၅။ ဆန်အောင်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနကို လက်နက်တပ်ဆင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေက သတင်းထုတ်ပြန်ပါတယ်။

အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပဲခူးတိုင်းစစ်ဌာနကို လက်နက်တပ်ဆင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဒီကနေ့ ဒီဇင်ဘာ ၉ရက်မှာ အသိပေးထုတ်ပြန်ထားပြီး လွှဲပြောင်းပေးအပ်တဲ့ နေ့ရက်နဲ့အချိန်ကို ဖော်ပြမထားပါဘူး။

“ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အတွက် အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ကွပ်ကဲမှုအောက်ရှိ သက်ဆိုင်ရာ တိုင်းစစ်ဌာနများကို လက်နက်တပ်ဆင်ပေးအပ်ခြင်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိသည်” လို့လည်း ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနကို လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ – အမှတ်(၂)စစ်ဆင်ရေးနယ်မြေ

အမှတ်(၂)စစ်ဆင်ရေးနယ်မြေမှာ ပဲခူးတိုင်းစစ်ဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနနဲ့ ဧရာ၀တီတိုင်းစစ်ဌာနတို့ ပါဝင်ပါတယ်။

အခု ပဲခူးတိုင်းစစ်ဌာနကို လက်နက်လွှဲပြောင်းပေးအပ်မှု မှတ်တမ်းဓာတ်ပုံအရ လက်နက် အလက် ၃၀ ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။

ပဲခူးတိုင်းစစ်ဌာနဟာ လတ်တလောမှာ စစ်ဆင်ရေးနယ်မြေအတွင်း စစ်ရေးအရိန်မြှင့် ဖော်ဆောင်လျက်ရှိပါတယ်။

ပဲခူးတိုင်းစစ်ဌာနမှာ သာယာ၀တီခရိုင်နဲ့ ပဲခူးခရိုင် နှစ်ခု ပါဝင်ပြီး အဲဒီထဲက လက်ပံတန်း၊ နတ်တလင်း၊ ပေါင်းတည်၊ ကြို့ပင်ကောက်၊ ဇီးကုန်း မြို့နယ်တွေက စစ်ကောင်စီတပ်ဖွဲ့တွေ ဂိတ်စခန်းတွေကို နိုဝင်ဘာလအတွင်းမှာ တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်တာ လက်နက်တွေ သိမ်းရတာတွေ ရှိခဲ့ပါတယ်။

ပဲခူးတိုင်း စစ်ဌာနအနေနဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းပြီးစစ်ဆင်ရေး ဖော်ဆောင်နေသလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် မဟာမိတ်တွေနဲ့ ပူးပေါင်း စစ်ရေး ဖော်ဆောင်နေတာလည်းရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါတဲ့ အားကောင်းတဲ့အစိုးရအဖြစ်ဖွဲ့စည်းဖို့နဲ့ စစ်အုပ်စု ဖြုတ်ချပြီး အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းဖို့အဆင့်တွေ ကျန်နေသေးဟုဆို

သတင်း

အင်ဒိုနီးရှားနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် NUG နဲ့ NUCC တို့က ယတိပြတ်ငြင်းဆိုလိုက်ပါတယ်။

သတင်း

ပြည်ထောင်စုအဆင့်ရွေးကော်အဖွဲ့ဝင်တွေကိုသာမက ပြည်နယ်၊တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ဝင်တွေကို အမည်နဲ့တကွ ကြေညာမယ်လို့ ထုတ်ပြန်

သတင်း

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ စစ်အုပ်စုက ဥပဒေမဲ့ ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စုစုပေါင်း ၆ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၂၅ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။

Facebook