Hi, what are you looking for?
ဧပြီ-၂၇၊၂၀၂၅။ဇော်ရမ်း/People’s Spring ပဲခူးတိုင်း၊မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့ နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အထိနာပြီးနောက်လေကြောင်းမှအပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည်။ “စစ်ကြောင်းဝင်လာလို့ တိုက်ပွဲဖြစ်တာ။တော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်ပါတယ်။လေကြောင်းက တောက်လျောက်ကြဲနေတယ်”ဟုမင်းလှမြို့ခန်းတဦးကပြောသည်။ စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့်ရော၊ ရဟတ်ယာဥ်ဖြင့်ပါဗုံးကြဲနေပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရသည်။ မင်းလှမြို့နယ်တွင် ဧပြီ၂၃ရက်နေ့ကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရသူများပြားခဲ့သည်။ထို့နောက်ပိုင်းမှစ၍ စစ်ကောင်စီစစ်ကြောင်းများထပ်မံဝင်ရောက်လာပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်ကလေကြောင်းမှဗုံးကြဲခြင်း၊ပစ်ခတ်ခြင်း နှင့် လက်နက်ကြီး ပစ်ခတ်ခြင်း၊ဒရုန်းဖြင့် ဗုံးကြဲခြင်းများကြောင့်...
ဧပြီ ၂၂၊၂၀၂၅။ဟန်နွေ/People’s Spring ငလျင်ဘေးကြောင့် အပစ်ရပ်ကာလတစ်ပါတ်ထပ်တိုးမည်ဟု စစ်ကောင်စီကကြေညာခဲ့သည့် ဧပြီ ၂၂ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း ၊နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူများ၏ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ စစ်ကောင်စီက ဧပြီ ၂ရက်မှ ၂၂ရက်ထိ ယာယီအပစ်ရပ်စဲကြောင်း ပထမအကြိမ် ထုတ်ပြန်ခဲ့စဉ်ကလည်း...