ဩဂုတ်၁၄၊၂၀၂၅။မေ/People’s Spring
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ချောင်းကြီး ရွာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့်ပြည်သူ၁ဦး သေဆုံးပြီး ၄ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဩဂုတ်လ၁၃ရက်နေ့ ၊မွန်းလွဲ၂နာရီ၁၀ မိနစ်မှာ စစ်တပ်က ချောင်းကြီးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ပြည်သူ ၁ဦး သေပြီး ၄ဦး ထိခိုက်ဒဏ်ရာရပါတယ်။ချောင်းကြီးရွာထဲကိုပဲ ကြဲသွားတာပါ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
ထိခိုက်သေဆုံး သူတွေရဲ့ အသေးစိတ်အချက်အလက်ကို တော့မသိရပါဘူး။
ဩဂုတ်လ၂ရက်နေ့ကလည်း ချောင်းကြီးရွာကို စစ်တပ်က ဗုံးကြဲခဲ့တာမှာ ဒေသခံပြည်သူသေဆုံးမှုများပြားခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ၈ ရက်နေ့ကလည်းသပိတ်ကျင်းမြို့နယ်၊လမ်းလယ်ကျစ်ကျေးရွာမှာနာ ရေးပြုလုပ်ချိန် စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား၁၀ဦးသေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။
