Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်မှာ စစ်ရှောင်ရင်း ပြည်သူ ၆၀ ကျော် မြွေဆိုးကိုက်ခံရ

မြေကိုက်ခံရသူ ၆၁ ဦးမှာ အမျိုးသား ၄၅ ဦးနဲ့အမျိုးသမီး ၁၆ ဦးဖြစ်ပြီး သေဆုံး သူ ၅ ဦးဟာ ဆေးကုသမှု အချိန်မီမရလိုက်လို့ ဖြစ်တယ်လို့အဲဒီအဖွဲ့ကဆိုပါတယ်။

ကန်ဘလူနယ်မှာ စစ်ရှောင်ရင်း ပြည်သူ ၆၀ ကျော် မြွေဆိုးကိုက်ခံရ
ကန်ဘလူနယ်မှာ စစ်ရှောင်ရင်း ပြည်သူ ၆၀ ကျော် မြွေဆိုးကိုက်ခံရ

အာဏာသိမ်းကာလအတွင်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ထဲမှာ စစ်ဘေးရှောင်ရင်း ပြည်သူ ၆၁ ဦး မြွေဆိုးကိုက်ခံရကာ ၅ဦးသေဆုံးခဲ့ရတယ်လို့ ကန့်ဘလူနယ် ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီကသိရပါတယ်။

မြေကိုက်ခံရသူ ၆၁ ဦးမှာ အမျိုးသား ၄၅ ဦးနဲ့အမျိုးသမီး ၁၆ ဦးဖြစ်ပြီး သေဆုံး သူ ၅ ဦးဟာ ဆေးကုသမှု အချိန်မီမရလိုက်လို့ ဖြစ်တယ်လို့အဲဒီအဖွဲ့ကဆိုပါတယ်။

သေဆုံးခဲ့ရသူ ၅ဦးမှာ အသက် ၈ နှစ်နဲ့ ၉ နှစ်အရွယ် ကလေး ၂ ဦးပါဝင်တယ်လို့ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့စာရင်းမှာဖော်ပြပါတယ်။

လက်ရှိဧပြီလထဲမှာတင် စစ်ရှောင် ၄ ဦး မြွေကိုက်ခံရပါတယ်။ အဲဒီ ၄ ဦးထဲမှာလည်း ၂ ဦး ဟာ အချိန်မီဆေးကုသမှုမရလိုက်လို့သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေ အများဆုံးအကိုက်ခံရတဲ့မြွေဟာ အဆိပ်ပြင်းတဲ့ မြွေပွေးအမျိုးအစားဖြစ်တာတွေ့ရပါတယ်။

ဒါအပြင် နယ်မြေဒေသအခြေအနေအရ မြွေဆိပ်ဖြေဆေးအချိန်မီရဖို့ ခက်ခဲနေကြတယ်လို့ သိရပါတယ်။