သတင်း တိုက်ပွဲပြင်းထန်လာသည့် ဧရာဝတီတိုင်း၌ စစ်ရေးသတိပြုရန်နှင့် စစ်ရှောင်များကူညီကြရန် ဟင်္သာတပအဖ တိုက်တွန်း ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများ ဟင်္သာတခရိုင်အတွင်းရောက်ရှိနေပြီဖြစ်၍ စစ်ရေးသတိပြင်ဆင်ထားကြရန်နှင့် ရောက်ရှိလာသော စစ်ဘေးရှောင်များအား ကူညီကြရန် မြို့ခံများနှင့် ဟင်္သာတမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က တိုက်တွန်းထားသည်။ ludunwayooဧပြီ 20, 2025
သတင်း ဧရာဝတီတိုင်းတွင် စစ်ရေးဆက်လက်တင်းမာ၊ စစ်ကောင်စီကလေးမျက်နှာမြို့နယ်၌လေကြောင်းတိုက်ခိုက် ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာနေသောဒေသများ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ကျုံပျော်မြို့တွင် စစ်ကောင်စီလက်အောက်ခံရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည်။ ludunwayooဧပြီ 11, 2025
သတင်း ငလျင်လှုပ်ပြီးနောက် ဧရာဝတီတိုင်း၌ AAနှင့်ပူးပေါင်းတပ်များ ထိုးစစ်ရပ်ထားချိန် စစ်ကောင်စီက တိုက်ပွဲအတုများ ဖန်တီး လူအများအပြားထိခိုက်သေဆုံးခဲ့သည့် ငလျင်လှုပ်ခတ်ပြီးနောက် အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ဧရာဝတီတိုင်းအတွင်း ထိုးစစ်များရပ်ထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲအတုဖန်တီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ ludunwayooဧပြီ 2, 2025
သတင်း ဧရာဝတီတိုင်းဝန်ကြီးချုပ်ဇာတိ ရေကြည်မှ စစ်ကောင်စီထောက်တိုင်များစာရင်း ပကဖစုဆောင်း စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၏ ဇာတိ ရေကြည်မြို့နယ်မှ စစ်ကောင်စီထောက်တိုင်များ၏ စာရင်းပြုစုထားပြီးဖြစ်ကြောင်း ရေကြည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။ ludunwayooမတ် 28, 2025
သတင်း ဧရာဝတီတွင် ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာထိစပ်ဒေသများအထိ့တိုက်ပွဲပြင်းထန်လာ ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာမြို့နယ်ထိစပ်ဒေသများတွင်မတ်လ၂၃ ရက်နံနက်ပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော စက်တပ်လေထီးဖြင့်ပါ တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ ludunwayooမတ် 24, 2025
သတင်း အင်းတော်-ကသာကြားတိုက်ပွဲ သေဆုံးဒဏ်ရာ ရသူများတွင် ပဲခူး နှင့် ဧရာဝတီတိုင်းမှ သင်တန်းဆင်းစစ်သားများပါဝင် အင်းတော်-ကသာလမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများအနက် အလုပ်မရှိ၍ငွေကြေးယူစစ်မှုထမ်းလိုက်သွားသည့် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှအမျိုးသားအချို့ ပါဝင်နေသည်။ ludunwayooမတ် 24, 2025
သတင်း ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းတလျှောက် ဂိတ်များ တနေ့လျှင်သိန်းထောင်ချီငွေရှာနေ ဧရာဝတီနှင့်ရန်ကုန်တိုင်းကို အဓိက ဆက်သွယ်သည့် ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ဟင်္သာတလမ်းတလျှောက်မှ စစ်ကောင်စီဂိတ်များသည် တနေ့လျှင် သိန်းထောင်ချီရရှိနေပြီး ရန်ကုန်အဝင် အဓိကဂိတ်ဖြစ်သည့် ပန်တိုင်ဂိတ်တစ်ခုတည်းတွင် တနေ့ သိန်း ၂၀၀ ရအောင်ကောက်ယူရန်နှုတ်ဖြင့်ညွှန်ကြားချက်ရှိနေကြောင်းစုံစမ်းသိရသည်။ ludunwayooမတ် 23, 2025
သတင်း ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီ တားမြစ် ဧရာဝတီတိုင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ်ထိစပ်နယ်မြေများတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီက တားမြစ်မှုများရှိနေကြောင်း သတင်းရရှိသည်။ ludunwayooမတ် 23, 2025
သတင်း လေးမျက်နှာတွင် တိုက်ပွဲဖြစ် ၊ ဧရာဝတီတိုင်း စစ်ဧရိယာကျယ်ပြန့်လာ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း ပုသိမ်၊မုံရွာလမ်းဘေးရှိ ကျေးရွာချို့တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက ဒေသတွင်းဆက်စပ်မြို့နယ်များတွင် စစ်ဆေးမှုများကိုတင်းကြပ်ထားသည်။ ludunwayooမတ် 17, 2025
သတင်း ဧရာဝတီတိုင်းမှ NLDပါတီဝင် လူငယ်တစ်ဦး တိုက်ပွဲအတွင်း ကျဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ ဧရာဝတီတိုင်းမှ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ ကိုချစ်ကိုသည် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်ရင်း ယခုရက်ပိုင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်။ ludunwayooမတ် 10, 2025