close
Connect with us

Hi, what are you looking for?

သတင်း

အောင်လအန်ဆန်နှင့် ဆွီဒင်ဖိုက်တာတို့ ဘန်ကောက်မြို့၌ ထိုးသတ်မည်

မြန်မာ့စပါးအုံးဟုနာမည်ကျော်သည့်အောင်လအန်ဆန်နှင့်ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့လာမည့်အောက်တိုဘာ၃ရက်တွင်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း One Championship က ယနေ့ (စက်တင်ဘာ ၂ရက်) ထုတ်ပြန်သည်။

ဓာတ်ပုံ - One Championship

စက်တင်ဘာ-၂၊၂၀၂၅။သုည/People’s Spring

မြန်မာ့စပါးအုံးဟုနာမည်ကျော်သည့်အောင်လအန်ဆန်နှင့်ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့လာမည့်အောက်တိုဘာ၃ရက်တွင်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း One Championship က ယနေ့ (စက်တင်ဘာ ၂ရက်) ထုတ်ပြန်သည်။

အဆိုပါ One Fight Night 36 ပြိုင်ပွဲကို ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ကာဒက်စတန်တို့က မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ယှဥ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

အောင်လအန်ဆန်နှင့် One Championship တို့ ချုပ်ဆိုထားသည့် စာချုပ်အရ ယင်းပွဲစဥ်သည် အောင်လ၏ ပရော်ဖက်နယ်ဖိုက်တာဘဝ နောက်ဆုံးပွဲစဥ် ဖြစ်လာဖွယ်ရှိသည်။

Public Service Announcement

Public Service Announcement

ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်က ကာတာနိုင်ငံတွင် တူရကီဖိုက်တာ အာဒိုဂန်နှင့် ထိုးသတ်ရာ အလဲထိုးဖြင့် ရှုံးနိမ့်ထားသည်။

အသက်(၃၉)နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ ၄၄ပွဲ ထိုးသတ်ထားရာ ပွဲ ၃၀နိုင် ၁၄ပွဲ ရှုံးနိမ့်ထားသည်။

အောင်လနှင့် ထိုးသတ်မည့် ပြိုင်ဘက် ကာဒက်စတန်သည် အသက် ၃၄ နှစ်အရွယ် ရှိပြီ ဖြစ်ပြီး MMA ပြိုင်ပွဲ ၂၂ ပွဲထိုးသတ်ရာ ၁၅ ပွဲနိုင် ၇ ပွဲရှုံးနိမ့်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် ယနေ့ (မေလ ၉) ညပိုင်းက ထိုးသတ်သည့် One Championship မွေထိုင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဂျူနီယာကို ဒုတိယအချီတွင် အလဲထိုး​ အနိုင်ရခဲ့သည်။

သတင်း

One Championshipက ယနေ့ (မတ်လ ၈) နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် လက်ဝှေ့ကျော် စိုးလင်းဦးက ပြိုင်ဘက်ရုရှားဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း

ကာတာနိုင်ငံတွင် ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်း၌ကျင်းပသည့် One Championship MMA ပွဲစဥ်တွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် စက္ကန့် ၃၀ အတွင်း ပြိုင်ဘက် အာဒိုဂန်၏ အမြင့်ကန်ချက်ကြောင့် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း

ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် One Championship ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဥ်တွင် ချီလီဖိုက်တာ ဖရန်စီကာဗီရာကို အမှတ် ဆုံးဖြတ်ချက် ဖြင့် ရှုံးနိမ့်ခဲ့သည်။

Facebook