Hi, what are you looking for?
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူများအပေါ် အကြမ်းဖက်မှုများလုပ်ဆောင်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို အာရုံလွှဲနိုင်ရန် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဝါဒဖြန့်နေသည့် စစ်ကောင်စီခေါင်းဆောင်၏ သမီးနှင့် မိတ်ဖက်ကုမ္ပဏီများကို Boycott ပြုလုပ်ရန် Yangon 4 Brothers-ရန်ကုန် တော်လှန်ညီနောင်လေးဖွဲ့က တိုက်တွန်းလိုက်သည်။
Samsung ၊ New V-Rohto ၊ Rainbow ဆပ်ပြာ၊ T Home Electronics စသည့် ကုမ္ပဏီများက ဖြူဖြူထွေး နှင့် လက်တွဲလုပ်ဆောင်မှုမရှိကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၌ ကြေညာထားသည်။