သတင်း မကောင်းမှု မှန်သမျှ လုပ်နေသည့် မင်းအောင်လှိုင်လက်အောက်တွင် စစ်ခွေးအခေါ်မခံဘဲ ပြည်သူ့ဘက် ပူးပေါင်းကြရန် ချင်းတပ် CNDF တပ်မှူး တိုက်တွန်း CNDF တပ်မှူး ဒီဒီ သည် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးသေဆုံးပြီး ၁၁ဦး အရှင်ဖမ်းမိခဲသည့် ဖလမ်းမြို့နယ် ဗားရ်စခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်းကိုယ်တိုင် CDM တစ်ဦးဖြစ်သည်ဟုဆိုသည်။ LuduNwayOoမေ 2, 2023
သတင်း CNO/CNDF ဖွဲ့စည်းမှု နှစ်နှစ်တာအတွင်း စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့်တိုက်ပွဲ ၁၂၀ ကျော်ရှိဟု အသိပေး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အခြေအနေကို ပြောကြားခြင်းမရှိသော် လည်း နှစ်နှစ်တာအတွင်း CNDF ရဲဘော် ၃၁ဦး ကျဆုံးခဲ့ရသည်ဟုဆိုသည်။ LuduNwayOoဧပြီ 14, 2023
သတင်း စစ်ရေးနှင့် မဆိုင်သည့် ပြည်သူများအား သတ်ဖြတ်သည့် စစ်ကောင်စီကို လက်တွေ့ကျစွာ အရေးယူရန် နိုင်ငံတကာအား CNDF တောင်းဆို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု နှင့် မြောက်များစွာသော ပြစ်မှုများ အကြိမ်ကြိမ်ကျူးလွန်နေသည့် စစ်ခေါင်းဆောင် အဆင့်ဆင့်နှင့် အာဏာရှင်များအား ဆက်လက် ချေမှုန်း သွားမည်ဖြစ်ကြောင်း CNDFက အသိပေးသည်။ LuduNwayOoဧပြီ 11, 2023
သတင်း ဗားရ်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဗိုလ်ကြီးအပါအဝင်၁၄ဦးသေဆုံး၊ ၁၁ဦး အရှင်ဖမ်းမိဟု CNDF ထုတ်ပြန် စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်က လေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့သော်လည်း CNDF တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဟု တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ LuduNwayOoဧပြီ 10, 2023
သတင်း ဖလမ်း ဗားရ်တံတားရှိ စစ်ကောင်စီစခန်းကို CNDF သိမ်းပိုက်၊ စစ်ကောင်စီ သုံးဦးသေ၊ ၁၄ဦး အရှင်ဖမ်းမိ လက်နက်ခဲယမ်းများရရှိ စစ်ကောင်စီတပ်သည် မတ်လ ၃၀ရက်က ထန်တလန်မြို့နယ် ခွာဖိုရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ပြည်သူ ၉ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သည်။ LuduNwayOoဧပြီ 10, 2023
သတင်း ကလေးမြောက်ပိုင်းတွင် ခုနှစ်ရက်နေ့မြောက်တိုက်ပွဲ၆နာရီကြာဖြစ်ပွား CDF-KKGကလည်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ်လုပ်ခဲ့သော်လည်းတိုက်ပွဲ လေးခုတွင် စစ်ကောင်စီတပ်သား ၇ ဦးကို သုတ်သင်နိုင်ခဲ့ပြီး လက်နက်အချို့ သိမ်းဆည်းရမိကြောင်းဧပြီ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။ LuduNwayOoဧပြီ 6, 2023
မေးမြန်းခန်း “ ကျနော်တို့ဘက်က လက်နက်အားတွေ လူအင်အား တိုက်ရည်ခိုက်ရည် ပိုပြီးတော့ ကောင်းလာတယ်လို့ ပြောလို့ရတယ်” ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့်မေးမြန်းခန်း LuduNwayOoမတ် 24, 2023
သတင်း ကလေးမှ ဖလမ်းမြို့သို့လာသည့် စစ်ယာဉ်တန်း CNDF တိုက်ခိုက်၊ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ၂၀ဦးကျော်သေ အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဟားခါး စစ်ဗျူဟာသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် မတ်လ ၇ရက်ကတည်းက ကလေးမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းခရီး၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံနေရခြင်းဖြစ်သည်။ LuduNwayOoမတ် 21, 2023
သတင်း တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၍ ဖလမ်း – ဟားခါးလမ်းပိုင်း ခရီးသွားလာခြင်းမပြုရန် CNO/CNDF သတိပေး CNO/CNDF မှ သတင်းပြန်လည် ထုတ်ပြန်မှု တစုံတရာ မရှိမခြင်း ခရီးသွားလာခြင်းမပြုရန် သတိပေးထားပြီး ထုတ်ပြန်ချက်အားလိုက်နာကြရန် အသိပေးထားသည်။ LuduNwayOoမတ် 19, 2023
သတင်း CNDFမှ ရဲဘော်နှစ်ဦး ဘုတလင်တွင် ဖမ်းဆီးသတ်ဖြတ်ခံရ ချင်းပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးအား သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ်ကို ပြန်လည် လက်စားချေတိုက်ခိုက်သွားမည်ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoမတ် 16, 2023