Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမှ ဖလမ်းမြို့သို့လာသည့် စစ်ယာဉ်တန်း CNDF တိုက်ခိုက်၊ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ၂၀ဦးကျော်သေ

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဟားခါး စစ်ဗျူဟာသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် မတ်လ ၇ရက်ကတည်းက ကလေးမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းခရီး၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံနေရခြင်းဖြစ်သည်။

(စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော ခဲယမ်းများနှင့် CNDFမှ ရဲဘော်များအား တွေ့ရစဉ်)
(စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော ခဲယမ်းများနှင့် CNDFမှ ရဲဘော်များအား တွေ့ရစဉ်)

▪️ယာဉ်တစ်စီး ပျက်စီးဟု ထုတ်ပြန်၊ ဖလမ်း- ဟားခါးလမ်းအား ခရီးသွားလာခြင်းမပြုရန် သတိပေး

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့နယ်သို့ တက်လာသည့် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

မတ်လ ၁၂ရက်မှ မတ်လ ၁၉ ရက်အတွင်း တိုက်ခိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များကို ဖော်ပြရာ စစ်ကောင်စီတပ်မှ ၂၀ ဦးကျော်သေဆုံးခဲ့ကြောင်း အသိပေးထားသည်။

မတ်လ ၁၂ရက်က စစ်ကောင်စီတပ်သည် ဗားလုံရွာအကျော်တွင် မိုင်းနင်းမိရာ တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဆိုသည်။ မတ်လ ၁၄ရက်တွင် စစ်ကောင်စီတပ်များအား ဇောင် လေးရွာအလွန်တွင် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ ၁၂ဘီးယာဉ်တစ်စီးသုံးမရအောင် ပျက်စီးခဲ့၍ လမ်း၌ ချန်ရစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော ခဲယမ်းများနှင့် CNDFမှ ရဲဘော်များအား တွေ့ရစဉ်)
(စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော ခဲယမ်းများနှင့် CNDFမှ ရဲဘော်များအား တွေ့ရစဉ်)

ညနေပိုင်း၌လည်း ဇောင်လေးရွာနှင့် ထင်းရှူးစခန်းကြား၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦး သေဆုံးကာ ဒဏ်ရာရသူများစွာရှိသည်ဟု ဖော်ပြထားသည်။ မတ်လ ၁၇ရက် ပါရ်သဲရွာအနီး တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်က သုံးဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

မတ်လ ၁၇ရက်တွင်လည်း ပါရ်သဲရွာအကျော်တွင် သုံးကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည် ဟု ဖော်ပြထားသည်။ မတ်လ ၁၉ရက်တွင်လည်း ကြောင်ဟဲရွာနှင့် စီဇာမွာလ်ရွာအကြား ပဒေသာ ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ပြီး ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ကို အတိအကျ မသိရကြောင်း CNDFက ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ ကျည်ဆံများ၊ နင်းမိုင်း၊ အီနာဂါဗုံးသီး၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။

(စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော ခဲယမ်းများနှင့် CNDFမှ ရဲဘော်များအား တွေ့ရစဉ်)
(စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသော ခဲယမ်းများနှင့် CNDFမှ ရဲဘော်များအား တွေ့ရစဉ်)

အချို့နေရာများ၌ စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ် ရေးတပ်(CDF)-ဟွာငိုရမ်တို့မှ ကူညီအားဖြည့် တိုက်ခိုက်ခဲ့ကြောင်း CNDFက ထုတ်ပြန်သည်။

ယခုလမ်းပိုင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့မှ ကျဆုံးမှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဖလမ်း – ဟားခါးလမ်းတွင်လည်း ထိတွေ့တိုက်ပွဲများ ယနေ့(မတ်လ ၂၁ရက်)မှစ၍ ဖြစ်ပွားလျက် ရှိရာ ပြည်သူများ ခရီးသွားလာခြင်း လုံး၀မပြုလုပ်ရန် သတိပေးထားသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ဟားခါး စစ်ဗျူဟာသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် မတ်လ ၇ရက်ကတည်းက ကလေးမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းခရီး၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံနေရခြင်းဖြစ်သည်။

You May Also Like

သတင်း

စစ်ဆင်ရေးကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် ကိုအောင်ကြီး လက်နက်ကြီးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး ည ၁၀နာရီခန့်တွင် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

သတင်း

ပုလဲမြို့နယ်တွင် ပြီးခဲ့သည့် ​ဖေဖော်ဝါရီ ၈ရက် ညက ဇီးဖြုကုန်းပျူစခန်းအပါအဝင် ပုလဲမြို့ပေါ်စခန်း၊ အင်မထီးပျူစခန်းနှင့် ကန့်ဒေါင့်ရဲစခန်းစသည့် နေရာ (၄)ခုအား တော်လှန်ရေးအင်အားစုများပူးပေါင်း၍ လက်နက်ကြီးများဖြင့် တပြိုင်တည်းပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဗီဒီယို

မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မုံရွာမြို့ ရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တပ်အတွင်းသို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း - ၂ တပ်ခွဲ - ၄ Fight...

သတင်း

စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် ဒေသတွင်းရှိ ရွာပေါင်း ၃၉ရွာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေကြရကြောင်း၊ ယင်းကျေးရွာများအနက် ကျေးရွာပေါင်း (၃၁)ရွာမှ လူဦးရေ နှစ်သောင်းနှစ်ထောင်ကျော်ကို စာရင်းအတည်ပြုနိုင်ခဲ့ပြီး ကျန် ၈ရွာမှ လူဦးရေစာရင်းကိုမူ အတည်မပြုနိုင်သေးဟု ထုတ်ပြန်သည်။