Hi, what are you looking for?
ရှမ်းပြည်နယ်မြောက်ပိုင်း လားရိူးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာမှာ ကိုးကန့်တပ်မတော်(MNDAA)က ရွှေတူးဖို့ လုပ်ဆောင်နေတာကို ဆန္ဒပြလို့ဆိုပြီး ဒေသခံတွေကို MNDAAက ဖမ်းဆီးခဲ့ရာ ပြန်လွှတ်ပေးဖို့ ကျန်နေသူ ၉ဦးကို အမြန်ဆုံးလွှတ်ပေးရန် ရှမ်းကျောင်းသားအဖွဲ့တခုဖြစ်တဲ့ သျှမ်းကျောင်းသားသမဂ္ဂ(Tai Students' Union)က တောင်းဆိုထားသလို TSU အပါအဝင် ရှမ်းအဖွဲ့အစည်း ၁၁ဖွဲ့ကလည်း...
ဘဝတူတော်လှန်ရေးအဖွဲ့အစည်းတွေထဲက ကချင်တော်လှန်ရေးအဖွဲ့အစည်းဟာ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေသောကာလဖြစ်ပြီး ကချင့်တော်လှန်ရေးအမြန်ဆုံးအောင်မြင် နိုင်ပါစေဟု တအာင်းတပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော်(MNDAA)၊ အာရက္ခတပ်တော် (AA) ညီနောင်မဟာမိတ်သုံးဖွဲ့က ကချင့်တော်လှန်ရေးနေ့သို့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ရှမ်းမန်းစစ်ဆင်ရေးတွေ၊ ကျတော်တို့ ၁၀၂၇ စစ်ဆင်ရေးတွေ ကနေရခဲ့တဲ့ မဟာမိတ်တွေ ဆီကနေရခဲ့တဲ့ စစ်ရေးအတွေ့အကြုံတွေ၊ နောက်တခုက ဒီဟာတွေနဲ့ ကျတော်တို့ ပေါင်းစပ်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ သွားခဲ့တယ်။ လက်ရှိ ကျတော်တို့ဆိုရင်လည်း ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ တပ်ရင်းတွေ ကျတော်တို့ စုဖွဲ့မှုလုပ်ကြတယ်ပေါ့။ ကျတော်တို့ ပေါင်းစည်းပြီးတော့ လုပ်နေတာတွေ ရှိတယ်။