Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိပ်ဖူး အကြီးစားတွေ တပ်ဆင်နိုင်တဲ့ ခရုစ်ဒုံးကျည်တွေ စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

မြောက်ကိုရီးယားဖက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အနိမ့်ပျံနေတဲ့ ဒုံးကျည်တစ်စင်းဟာ ကမ်းရိုးတန်း တစ်နေရာမှာ တည်ဆောက်ထားတဲ့ ပစ်မှတ် အဆောက်အအုံဆီ ဦးတည်နေတာကို တွေ့ရပါတယ်။

ထိပ်ဖူး အကြီးစားတွေ တပ်ဆင်နိုင်တဲ့ ခရုစ်ဒုံးကျည်တွေ စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်
ထိပ်ဖူး အကြီးစားတွေ တပ်ဆင်နိုင်တဲ့ ခရုစ်ဒုံးကျည်တွေ စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

အရွယ်အစား အရမ်းကြီးမားတဲ့ ထိပ်ဖူးတွေ တပ်ဆင်နိုင်တဲ့ ခရုစ်ဒုံးကျည် အမျိုးအစားသစ်တွေကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း မြောက်ကိုရီးယားက အတည်ပြု ကြေညာခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ မြောက်ကိုရီးယားက အနောက်ဖက် ကမ်းလွန် ပင်လယ်ပြင်ဖက်ကို ခရုစ်ဒုံးကျည်တချို့ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားက ကြေညာခဲ့ပြီး နောက်တနေ့မှာ အဲဒီကိစ္စကို မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၂၄ ခုနှစ်ထဲမှာ ခရုစ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်နေတာ ၃ ကြိမ် ရှိခဲ့ပါပြီ။ အဲဒီ လုပ်ဆောင်မှုတွေဟာ စမ်းသပ်ဆဲအဆင့် အမျိုးအစားသစ် ခရုစ်ဒုံးကျည်တွေကို စမ်းသပ်နေတာလို့ KCNAက ဆိုပါတယ်။

မြောက်ကိုရီးယားဖက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အနိမ့်ပျံနေတဲ့ ဒုံးကျည်တစ်စင်းဟာ ကမ်းရိုးတန်း တစ်နေရာမှာ တည်ဆောက်ထားတဲ့ ပစ်မှတ် အဆောက်အအုံဆီ ဦးတည်နေတာကို တွေ့ရပါတယ်။

ခရုစ်ဒုံးကျည်တွေမှာ ကြီးမားတဲ့ ထိပ်ဖူးတွေ တပ်ဆင်နိုင်တယ်လို့ ထုတ်ဖော် ကြေညာခြင်းက အဲဒီ စစ်လက်နက်တွေကို နျူကလီးယား လက်နက်အဖြစ် အသုံးချဖို့ ရည်ရွယ်ထားကြောင်း မြောက်ကိုရီးယားက အသိပေးလိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း လက်နက် စမ်းသပ်မှုတွေကို အရှိန်မြှင့်လာခဲ့ပြီး ရည်ရွယ်ချက်ကတော့ ဒေသတွင်းမှာ ရှိနေတဲ့ ပြိုင်ဘက် နိုင်ငံတွေရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို ဖိအားပေးနိုင်ဖို့ ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ရုရှားနဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမို ကျယ်ပြန့်လာခြင်းကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည် နည်းပညာ တိုးတက်ရေးကို ကြီးကြီးမားမား တွန်းအား ဖြစ်လာစေဖွယ် ရှိနေပါတယ်။

မြောက်ကိုရီးယားဟာ တာတိုနဲ့ တာလတ် ခရုစ်ဒုံးကျည်တွေ စမ်းသပ်မှုအပြင် နျူကလီးယား လက်နက် တပ်ဆင်နိုင်ပြီး ကီလိုမီတာ ၂၀၀၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်တယ်ဆိုတဲ့ ဒုံးကျည်အမျိုးအစား သစ်ကိုလည်း ဇန်နဝါရီ လလယ်မှာ တစ်ကြိမ် စမ်းသပ် ပစ်ခတ်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: AP