close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်နဲ့ ဆမွတ်ပရာကန်က ခရိုင်ခွဲတချို့ကို ခွေးရူးရောဂါ အန္တရာယ်ဇုန်တွေအဖြစ် ကြေညာ

မြို့တော် ဘန်ကောက်ရဲ့ အစိတ်အပိုင်းတချို့ အပါအဝင် နေရာပေါင်း တစ်ဒါဇင်ကျော်ကို ခွေးရူးရောဂါ အန္တရာယ် ဇုန်တွေအဖြစ် ထိုင်းအာဏာပိုင်တွေက သတ်မှတ် ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Bangkok Post

မြို့တော် ဘန်ကောက်ရဲ့ အစိတ်အပိုင်းတချို့ အပါအဝင် နေရာပေါင်း တစ်ဒါဇင်ကျော်ကို ခွေးရူးရောဂါ အန္တရာယ် ဇုန်တွေအဖြစ် ထိုင်းအာဏာပိုင်တွေက သတ်မှတ် ကြေညာခဲ့ပါတယ်။

ဘန်ကောက်နဲ့ ဆမွတ်ပရာကန်မှာရှိတဲ့ ခရိုင်တချို့ဟာ အထူးသတိထားရမယ့် ဇုန်နယ်မြေတွေအဖြစ် သတ်မှတ်ခံရပြီး အဲဒီနေရာတွေမှာ ခွေး၊ ကြောင်နဲ့ တခြား နို့တိုက်သတ္တဝါ အသေကောင်တွေ နေရာရွှေ့ပြောင်းခွင့်ကို ရက် ၃၀ တားမြစ်တဲ့ ယာယီ ကြေညာချက်ကို စက်တင်ဘာ ၉ ရက်နေ့မှာ မွေးမြူရေး ဖွံ့ဖြိုးမှု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဘန်ကောက်ရဲ့ ပရာဝတ် ခရိုင်ထဲမှာ ခွေးရူးရောဂါ ပျံ့နှံ့ဖြစ်ပွားမှု တချို့ကို ထောက်လှမ်း တွေ့ရှိတဲ့နောက် အောက်တိုဘာ ၈ ရက်ထိ အကျုံးဝင်မယ့် အဲဒီ အမိန့်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ ခွေးရူးရောဂါဟာ ခွေး၊ ကြောင်၊ ကျွဲ၊ နွားနဲ့ တခြား နို့တိုက် သတ္တဝါတွေဆီ ပျံ့နှံ့ ကူးစက်နိုင်ပြီး ကျန်းမာရေးဆိုင်ရာ အထူး အလေးထားရမယ့် ခြိမ်းခြောက်မှု တစ်ခုအဖြစ် ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ခွေးရူးရောဂါ အန္တရာယ် သတိပေးချက် ကြေညာထားရာမှာ ဘန်ကောက်နဲ့ ဆမွတ်ပရာကန်မှာရှိတဲ့ ခရိုင်ခွဲ ၄ ခုကို အထူး သတိထားရမယ့် ဇုန်တွေအဖြစ် သတ်မှတ်ပြီး နောက်ထပ် ခရိုင်ခွဲ တစ်ဒါဇင်လောက်ကိုတော့ အလေးထား စောင့်ကြည့်ရမယ့် နယ်မြေတွေအဖြစ် ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ နယ်မြေတွေမှာ ရက်ပေါင်း ၃၀ အတွင်း ခွေး၊ ကြောင်နဲ့ တခြားနို့တိုက်သတ္တဝါ အသေကောင်တွေကို တွေ့ရင် ဒေသခံတွေက ကိုယ့်သဘောနဲ့ကိုယ် ရွှေ့ပြောင်းတာမျိုး မလုပ်ဘဲ အာဏာပိုင်တွေဆီ အကြောင်းကြားရမယ်လို့ ညွှန်ကြားထားပါတယ်။ အိမ်မွေး၊ ခြံမွေး တိရစ္ဆာန်တွေ မူမမှန်တဲ့ နေမကောင်းမှုမျိုး တွေ့ရင်လည်း ပိုင်ရှင်တွေက တာဝန်ရှိသူတွေဆီ ၁၂ နာရီအတွင်း အကြောင်းကြားရမှာပါ။ တိရစ္ဆာန်တွေ သေဆုံးပြီးရင်လည်း တိရစ္ဆာန် ဆရာဝန်တွေ စစ်ဆေးမှု မပြီးမချင်း မထိမကိုင်ဘဲ ထားရမယ်လို့ ဆိုပါတယ်။

တိရစ္ဆာန် မွေးမြူထားသူတွေ အနေနဲ့ အဲဒီ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့ လိုအပ်ပြီး ချိုးဖောက်သူဟာ ထောင်ဒဏ် ၂ နှစ်ထိဖြစ်စေ၊ ဘတ် ၄၀၀၀၀ ထိ ဒဏ်ကြေးဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ်လို့လည်း ဖော်ပြထားပါတယ်။

လတ်တလော ကာလမှာတော့ နောက်ခံ အခြေအနေ မသိနိုင်တဲ့၊ ကာကွယ်ဆေး ထိုးထားကြောင်း မသေချာတဲ့ တိရစ္ဆာန်တွေ၊ လေလွင့် ခွေးကြောင်တွေကို ထိတွေ့ကိုင်တွယ်တာတွေ လုံးဝ မလုပ်ဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။

ခွေးရူးရောဂါဟာ ဦးနှောက်နဲ့ အဓိက အာရုံကြောစနစ်တွေကို တိုက်ခိုက်ဖျက်ဆီးတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပွားတာပါ။ ခွေးရူးရောဂါအတွက် ကာကွယ်ဆေး ကြိုတင်ထိုးနှံနိုင်ပေမယ့် ရောဂါလက္ခဏာတွေ စတင်ပြသတဲ့ အဆင့် ရောက်ပြီဆိုရင်တော့ ကုသလို့ မရဘဲ သေချာပေါက် အသက်ဆုံးရှုံးမှာ ဖြစ်ပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဆာဖာရီ တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းတစ်ဦးဟာ ခြင်္သေ့တွေ ဝိုင်းကိုက်လို့ သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထောင်ဒဏ် ပြစ်ဒဏ်ကို လှည့်စား ရှောင်လွှဲခဲ့တယ်လို့ ထိုင်းတရားရုံးချုပ်က စီရင်ဆုံးဖြတ်ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ကို ထောင်ဒဏ် ၁ နှစ် စီရင်ချက် ချမှတ်လိုက်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည် ကုစားလိုကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်က ထိုင်းဝန်ကြီးချုပ်သစ် အနုတင် ချန်ဗီရာကူလ်ဆီ စကားကမ်းလှမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင်ပြီး ခန့်မှန်း သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း အညူတင် ချန်ဗီရာကူလ်ဟာ ထိုင်းဝန်ကြီးချုပ်သစ် ဖြစ်လာကြောင်း သိရပါတယ်။

Facebook