close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATO နိုင်ငံတွေမှာ ဂျပန် တိုက်လေယာဉ်တွေ ဖြန့်ကျက်မယ်

လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်ဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေတပ်စခန်းတွေမှာ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ -JSDF

စက်တင်ဘာ – ၁၇ ၊၂၀၂၅

လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်ဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေတပ်စခန်းတွေမှာ တိုက်လေယာဉ်တွေ ဖြန့်ကျက်သွားမယ်လို့ သိရပါတယ်။

Atlantic Eaglesလို့ နာမည်ပေးထားတဲ့ မစ်ရှင်ရဲ့ ရည်ရွယ်ချက်ဟာ NATOအတွက် ရုတ်တရက် ကြုံတွေ့လာတဲ့ အခြေအနေတွေမှာ တုံ့ပြန်ရမယ့် စစ်ဆင်ရေးတွေကို အကူအညီပေးဖို့ ဖြစ်တယ်လို့ ဂျပန် ပြည်စောင့်တပ်ရဲ့ လေတပ်က ပြောပါတယ်။

ဂျပန်ဟာ အမေရိကန်ဆီကနေ ဝယ်ယူထားတဲ့ F-15 Eagle တိုက်လေယာဉ် ၄ စီး၊ ဆီတင်လေယာဉ် ၂ စီးနဲ့ ဝေဟင်ဆီဖြည့် လေယာဉ် ၂ စီးတို့ကို NATO နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ရဲ့ အလာစကာပြည်နယ်၊ ကနေဒါနိုင်ငံ၊ ပြီးတော့ ဥရောပတိုက်မှာရှိတဲ့ ဗြိတိန်နဲ့ ဂျာမနီတို့မှာ ဖြန့်ကျက်သွားမှာပါ။ ဂျပန်နိုင်ငံအနှံ့ လေတပ်စခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေထဲက ၁၈၀ လောက်ကိုလည်း ထုတ်နုတ်ပြီး အဲဒီမစ်ရှင်ဆီ စေလွှတ်သွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သမိုင်းတလျှောက်မှာတော့ ဒါဟာ ကနေဒါနဲ့ ဥရောပမှာ ဂျပန်ရဲ့ ပထမဆုံးအကြိမ် စစ်လေယာဉ်တွေ ဖြန့်ကျက်ထားမှု ဖြစ်လာမယ်လို့လည်း သိရပါတယ်။

ဥရောပ-အတ္တလန္တိတ်နဲ့ အင်ဒို-ပစိဖိတ် ရပ်ဝန်းတွေရဲ့ လုံခြုံရေး ကဏ္ဍတွေ ဆက်စပ်နေတာကို နားလည် သဘောပေါက်မှု အဓိပ္ပါယ်နဲ့ အဲဒီ မစ်ရှင်ကို အကောင်အထည် ဖော်ခဲ့တာဖြစ်တယ်လို့ ဂျပန် ပြည်စောင့်တပ်ရဲ့ လေတပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ် အပြီးမှာ ဂျပန်ဟာ နိုင်ငံတကာ စစ်မက်ရေးရာ ကဏ္ဍတွေနဲ့ ဆက်စပ်မှု မရှိအောင် ခပ်ကင်းကင်း ရပ်တည်တဲ့ မူဝါဒမျိုးကို ကိုင်ဆွဲခဲ့ပေမယ့် တရုတ်၊ ရုရှားတို့ရဲ့ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတဲ့ နောက်မှာတော့ စစ်အင်အားကို ပြန်လည် ချဲ့ထွင်ပြီး ကာကွယ်ရေး မူဝါဒတွေကိုလည်း အပြောင်းအလဲ လုပ်လာခဲ့ပါတယ်။

နှစ်ဆန်းပိုင်းမှာတော့ ဂျပန်ဟာ NATOနဲ့ တိုက်ရိုက်ဆက်သွယ်တဲ့ သံတမန်ရေး မစ်ရှင်တစ်ခုကို ထူထောင်နိုင်ခဲ့ပါတယ်။ NATO အဖွဲ့ဝင်တွေဖြစ်တဲ့ ပိုလန်နဲ့ ရိုမေးနီးယားတို့ရဲ့ လေပိုင်နက်တွေထဲ ရုရှားဒရုန်းတွေ ကျူးကျော်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် NATO-ရုရှား ဆက်ဆံရေး ပိုမိုဆိုးရွား တင်းမာနေချိန်မှာ ဂျပန်တိုက်လေယာဉ်တွေက NATOနိုင်ငံတွေမှာ ဖြန့်ကျက်မယ့် ကြေညာချက် ထွက်ပေါ်လာတာပါ။

လတ်တလောမှာတော့ ရုရှားနဲ့ ဘီလားရုစ် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု အစီအစဉ်တစ်ခု လုပ်ဆောင်နေတာကို NATOဖက်က သတိကြီးကြီး စောင့်ကြည့်နေပါတယ်။

ကိုးကား – Defence News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ဟာ ရုရှားနဲ့ စစ်ဖြစ်နေပြီးသားလို့ ယူဆလို့ရကြောင်း ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ နယ်မြေထဲ ရုရှားဒရုန်းတွေ နယ်ကျွံလာလို့ ပစ်ချတာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး မကြာခင်မှာပဲ ရုရှားနဲ့ ဘီလားရုစ် ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ပိုလန်ရဲ့ လေပိုင်နက်ထဲ ရုရှားဒရုန်းတွေ ကျူးကျော် ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်အပြီး NATO စစ်မဟာမိတ် အဖွဲ့ဟာ ဥရောပ အရှေ့ပိုင်းမှာ လုံခြုံရေး အစီအမံတွေကို တိုးမြှင့်လာခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံ လေပိုင်နက်ထဲ ဝင်လာတဲ့ ရုရှားဒရုန်းတွေကို NATO စစ်မဟာမိတ် အဖွဲ့နဲ့ ပူးပေါင်းပြီး ပစ်ချခဲ့တယ်လို့ ပိုလန်စစ်တပ်က အတည်ပြုခဲ့ပါတယ်။

Facebook