close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကုလသမဂ္ဂမှာ အစ္စရေး ဝန်ကြီးချုပ် မိန့်ခွန်းပြောနေချိန် သံတမန် အများအပြား ထွက်ခွာ

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောတဲ့အချိန် ခန်းမထဲကနေ သံတမန်တွေ၊ နိုင်ငံအများအပြားရဲ့ ကိုယ်စားလှယ်တွေ ထွက်ခွာသွားခဲ့ကြပါတယ်။

ဓာတ်ပုံ - The New York Times

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောတဲ့အချိန် ခန်းမထဲကနေ သံတမန်တွေ၊ နိုင်ငံအများအပြားရဲ့ ကိုယ်စားလှယ်တွေ ထွက်ခွာသွားခဲ့ကြပါတယ်။

ဒါဟာ ဂါဇာစစ်ပွဲ အရေးနဲ့ ပတ်သက်လို့ နေတန်ညာဟု ဦးဆောင်နေတဲ့ အစ္စရေး အစိုးရရဲ့ မူဝါဒတွေ၊ လုပ်ရပ်တွေကို တိုက်ရိုက် ဆန္ဒပြတဲ့ အဓိပ္ပါယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြီးတော့ ပါလက်စတိုင်း နိုင်ငံ ထူထောင်ရေးကို အပြင်းအထန် ကန့်ကွက်နေတဲ့ နေတန်ညာဟုအတွက် နိုင်ငံတကာ အခင်းအကျင်းမှာ မဟာမိတ်တွေ သိပ်နည်းလာပြီ ဆိုတာကို ညွှန်ပြနေတဲ့ အရှိတရား ဆန်းစစ်ချက် တစ်ခုလို့လည်း လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

အတော်ကြီး စိတ်ကသိကအောင့် ဖြစ်စရာ အခြေအနေမျိုး ကြုံခဲ့ပေမယ့်လည်း စက်တင်ဘာ ၂၆ ရက်နေ့တုန်းက အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာတော့ နေတန်ညာဟုကတော့ မျက်နှာထား မာမာနဲ့ပဲ သူ့မိန့်ခွန်း ပြောသွားခဲ့ပါတယ်။ သူက ဂါဇာမှာ အစ္စရေး အနေနဲ့ ရည်ရွယ်ထားပြီးသား အစီအမံတွေကို အထမြောက်အောင် ဆက်လုပ်မှာဖြစ်ပြီး မြန်နိုင်သမျှမြန်မြန် လက်စသပ်မယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အစိုးရတွေက ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် စတင် သတ်မှတ်လာတဲ့ ကိစ္စကိုလည်း ကျက်သရေ ကင်းမဲ့တဲ့ လုပ်ရပ်လို့ နေတန်ညာဟုက စွပ်စွဲခဲ့ပြီး အဲဒီလောက် အကြီးအကျယ် ရူးမိုက်တာမျိုးကို အစ္စရေးက လက်သင့်ခံမှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Getty

သူက ဂါဇာမှာ အစ္စရေးစစ်တပ်က ဖြန့်ကျက် တပ်ဆင်ထားတဲ့ အသံချဲ့စက်တွေဟာ ကုလသမဂ္ဂက မိန့်ခွန်းကို တိုက်ရိုက် အသံလွှင့်နေလိမ့်မယ်လို့ ဆိုပါတယ်။ ပြီးတော့ ဟားမားစ် ပြောက်ကျားတွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေဆီ ရည်ရွယ်ပြီး သူတို့ကို အစ္စရေးက တစ်စက္ကန့်လေးတောင် မေ့ထားမှာ မဟုတ်ကြောင်း၊ အစ္စရေး ပြည်သူတွေဟာ ဓားစာခံတွေနဲ့အတူ အမြဲတမ်း တစ်သားတည်း ရပ်တည်နေမှာဖြစ်ကြောင်းလည်း နေတန်ညာဟုက ပြောဆိုခဲ့ပါတယ်။

သူမိန့်ခွန်း ပြောနေချိန်မှာတော့ အာရပ်နိုင်ငံတွေ၊ မွတ်ဆလင်နိုင်ငံတွေ အားလုံးနီးပါးရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်တွေ၊ ကိုယ်စားလှယ်တွေက ခန်းမဆောင်ထဲကနေ ထွက်ခွာသွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပနဲ့ အာဖရိက နိုင်ငံတချို့ကလည်း အလားတူ လုပ်ဆောင်ခဲ့ပါတယ်။

အစ္စရေးဟာ ဂါဇာမှာ လုပ်ဆောင်နေတဲ့ လွန်ကဲတဲ့ စစ်ရေး အစီအမံတွေ၊ အနောက်ဖက် ကမ်းခြေဒေသမှာ အိမ်ရာချဲ့ထွင် ကျူးကျော် အခြေချမှုတွေကြောင့် နိုင်ငံတကာ ဖိအားပေး ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကိုးကား: Axios

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆီးရီးယား နိုင်ငံ ခေါင်းဆောင် တစ်ဦးအနေနဲ့ နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ မိန့်ခွန်းမှာ သမ္မတ အာမက် အယ်လ်ရှာရားက စစ်ပြီးခေတ် ဆီးရီးယားဟာ အစွမ်းကုန် ပြန်လည် ကြိုးစား တည်ဆောက်နေပြီး နိုင်ငံတကာက ဝိုင်းဝန်း ကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံသွားခဲ့ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက် မိန့်ခွန်းပြောချိန်မှာ သူ့ကို ရည်ရွယ်ချက်ရှိရှိ အနှောင့်အယှက် ပေးခဲ့တဲ့ ကိစ္စ ၃ ခု ကြုံခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စွပ်စွဲခဲ့ပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ အမေရိကန် သမ္မတ ဒုတိယ သက်တမ်းအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ ဆန္ဒ သဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေးအပေါ် ရှုမြင်ပုံတွေကို ဘွင်းဘွင်း ရှင်းရှင်း ပြောသွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြု ဆက်ဆံသွားမယ်လို့ ပြင်သစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရှေ့မှောက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။