close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားတပ်တွေအတွက် မြောက်ကိုရီးယားစစ်သားတွေ မိုင်းရှင်းပေးခဲ့ရကြောင်း ကင်မ်ဂျုံအွန်း အတည်ပြု

ရုရှား တပ်တွေအတွက် မြောက်ကိုရီးယား စစ်သားတွေက မိုင်းရှင်းပေးခဲ့ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Russian Defence Ministry

ရုရှား တပ်တွေအတွက် မြောက်ကိုရီးယား စစ်သားတွေက မိုင်းရှင်းပေးခဲ့ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက အတည်ပြုခဲ့ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့က အစိုးရ မီဒီယာကနေတဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ကင်မ်က မြောက်ကိုရီးယား စစ်သားတွေဟာ ရုရှားအတွက် အန္တရာယ် အရမ်းများတဲ့ ကိစ္စမျိုးမှာ တာဝန်ယူ အလုပ်လုပ်ပေးနေရတယ် ဆိုတာကို ရှားရှားပါးပါး အသိအမှတ်ပြု ဝန်ခံသွားတာ ဖြစ်ပါတယ်။

အခုနှစ်ဆန်းပိုင်းတုန်းက ရုရှားရဲ့ ကာ့စ်ခ်ဒေသထဲ စေလွှတ်ပေးခဲ့တဲ့ မြောက်ကိုရီးယား တပ်တွေဟာ မိုင်းရှင်းလင်းရေး မစ်ရှင်တွေမှာပါ တာဝန်ချထားခြင်း ခံရကြောင်း ကင်မ်က ဆိုပါတယ်။

တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက မြောက်ကိုရီးယားဟာ ကာ့စ်ခ်ဒေသထဲမှာ ယူကရိန်းနဲ့ စစ်ခင်းနေတဲ့ ရုရှားတပ်တွေကို ကူဖို့ စစ်အင်အား တစ်သောင်းကျော် ပေးပို့ခဲ့ကြောင်း ခန့်မှန်းထားပါတယ်။ အပြန်အလှန် အနေနဲ့ မြောက်ကိုရီးယားအတွက် ရုရှားက ငွေကြေး၊ စစ်ရေးနည်းပညာ၊ ရိက္ခာနဲ့ စွမ်းအင် အထောက်အပံ့တွေ ပေးအပ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားကနေ မြောက်ကိုရီးယား အင်ဂျင်နီယာ တပ်ဖွဲ့တစ်ခု ပြန်လည် ရောက်ရှိလာမှုအပေါ် ချီးကျူး အသိအမှတ် ပြုခဲ့ချိန်မှာတော့ ကင်မ်က စစ်သားတွေဟာ သူတို့ရဲ့ မိုင်းရှင်းလင်းရေး အတွေ့အကြုံတွေအကြောင်း မိသားစုဝင်တွေဆီ စာရေးသား ပေးပို့ခဲ့ကြတယ်လို့ ထည့်သွင်း မှတ်ချက်ပေးသွားပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့တုန်း အဲဒီ အင်ဂျင်နီယာ တပ်ဖွဲ့ဝင်တွေ ပြန်လာတာကို ကင်မ်က အခမ်းအနားနဲ့ ကြိုဆိုစေခဲ့ပါတယ်။ ဩဂုတ်လက ရုရှားမှာ စတင်ဖြန့်ကျက် တာဝန်ပေးတာ ခံခဲ့ရတဲ့ ယူနစ်ထဲကာ တပ်ဖွဲ့ဝင် ၉ ဦးဟာ ရက်ပေါင်း ၁၂၀ ကြာ ကာလအတွင်း အသက်ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။

ကင်မ်က ကျဆုံးစစ်သည်တွေအတွက် ရဲစွမ်းသတ္တိဆိုင်ရာ ဂုဏ်ပြု ဆုတံဆိပ်တွေကိုလည်း ချီးမြှင့်ခဲ့ပါသေးတယ်။ ပြုံယမ်းမြို့မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာတော့ သူက နေရပ်ပြန်လာတဲ့ စစ်သားတွေကို ဖက်လှဲတကင်း နှုတ်ဆက်ပြီး ကြိုဆိုနေခဲ့တာကို တွေ့ရပါတယ်။ တချို့စစ်သားတွေကတော့ ဒဏ်ရာရထားဟန်ရှိပြီး ဘီးတပ်ကုလားထိုင်ပေါ်မှာ ရှိနေခဲ့ကြပါတယ်။

အစိုးရ မီဒီယာက ထုတ်ပြန်တဲ့ တခြားဓာတ်ပုံတွေမှာတော့ ကင်မ်က သေဆုံးသွားသူ စစ်သားတွေရဲ့ မိသားစုဝင်တွေကို နှစ်သိမ့်နေတာ၊ ကျဆုံးစစ်သည်တွေရဲ့ ပုံတွေရှေ့မှာ အရိုအသေပေးနေတာမျိုးတွေကို တွေ့ခဲ့ရပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားဆီ စစ်တပ်တွေ စေလွှတ်ပေးခဲ့ကြောင်း တောင်ကိုရီးယားနဲ့ အနောက်နိုင်ငံတွေရဲ့ စွပ်စွဲပြောဆိုမှုအပေါ် လပေါင်းအတော်ကြာ နှုတ်ဆိတ်နေခဲ့ရာက ဧပြီလကျမှ ပထမဆုံး အကြိမ်အဖြစ် ရုရှားအတွက် တပ်ကူတွေ လွှတ်ပေးထားကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း ဆိပ်ကမ်းတစ်ခုကို ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် တူရကီ ကူးတို့ရေယာဉ်ကြီးတစ်စီး အကြီးအကျယ် မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက ထပ်မံပေးပို့တဲ့ စစ်ရပ်စဲရေး အဆိုပြုချက်မှာလည်း ယူကရိန်း အနေနဲ့ ဒွန်းဘက်စ်ဒေသကို စွန့်လွှတ်ပေးရမယ်ဆိုတဲ့ ပါဝင်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

လေပိုင်နက်နားကို တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ချဉ်းကပ် ပျံသန်းခဲ့တဲ့အပေါ် တောင်ကိုရီးယားက တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ဂျပန် ဆက်ဆံရေး တင်းမာနေချိန် ဂျပန်နိုင်ငံနားမှာ တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ပူးပေါင်းပြီး ကင်းလှည့် ပျံသန်းခဲ့ပါတယ်။