ဒီဇင်ဘာ-၉၊၂၀၂၅ ၊ ဇော်ဝင်း/People’s Spring
မြန်မာ့စီးပွားရေး ပြန်လည်ကောင်းမွန်ဖို့ အခက်အခဲအတားအဆီးတွေရှိနေဆဲလို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၉ရက်မှာ ထုတ်ပြန်ပါတယ်။
ပြည်တွင်းဝယ်လိုအား လျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနဲ့ လျှပ်စစ်ဓာတ်အားမကြာခဏပြတ်တောက်တာတွေက စီးပွားရေးမျှော်မှန်းချက်အလားအလာကို အတားအဆီးဖြစ်စေတယ်လို့ ဆိုပါတယ်။
“ မြန်မာနိုင်ငံမှာ စီးပွားရေး ပြန်လည်နာလန်ထလာတဲ့လက္ခဏာတွေကို တွေ့ရတာဟာ အားတက်စရာဆိုပေမယ့် ပြည်တွင်းပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေ၊လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အတားအဆီးများစွာနဲ့ ဆက်လက်ရင်ဆိုင်နေရတယ်” လို့ ထိုင်း-မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ဒေသဆိုင်ရာ ဒါရိုက်တာ မီလင်ဒါဂွတ်ဒ်က ပြောပါတယ်။

Public Service Announcement
ငွေကြေးဖောင်းပွမှု လျော့ကျလာပေမယ့် ကုန် ဈေးနှုန်းတွေ မြင့်တက်နေဆဲဖြစ်လို့ အိမ်ထောင်စုတွေအနေနဲ့ ဝင်ငွေ၊ထွက်ငွေနဲ့ ငွေကြေးသုံးစွဲမှုခက်ခက်ခဲခဲ ဖြေရှင်းနေရဆဲလို့ အသိပေးပါတယ်။
အခုနှစ် အောက်တိုဘာမှာ စီးပွားရေးလုပ်ငန်းတွေရဲ့ ကုန်ထုတ်လုပ်လည်ပတ်မှုစွမ်းအားက ဧပြီနဲ့ ယှဉ်ရင် မြင့်မားလာခဲ့ပြီ ကျပ်ငွေကလည်း တစ်နှစ်တာ ပြန်လည်မြင့်တက်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမယ့် ငွေကြေးဖောင်းပွမှုကတော့ ၂၀ရာခိုင် နှုန်းအထက်ဆက်ရှိနေမှာဖြစ်တဲ့အတွင် လူထုရဲ့အခြေခံစရိတ်စကတွေ ပိုမိုဖိအားဖြစ်စေလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာက ဆိုပါတယ်။
ဒါ့အပြင် လာမယ့်ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ လိုငွေပြမှုက GDP ရဲ့ ၅ ရာခိုင်နှုန်းအထိ ရှိနေမှာဖြစ်ပြီး ပြည်သူ့ကြွေးမြီက GDPရဲ့ ၆၀ ရာခိုင်နှုန်းအထက်ရှိနေမယ်လို့ အသိပေးပါတယ်။
အခုနှစ် ဇွန်လက ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်- UNDP ရဲ့စစ်တမ်းအရ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာပင် ဆင်းရဲနွမ်းပါးနှုန်းတိုးလာပြီး လူဦးရေ ၁၀ ဦး တွင် လေးဦးကျော်မှာ ဆင်းရဲနွမ်းပါးနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေလဲနှုန်းတန်ဖိုးကျတာနဲ့ အထွေထွေကုန်စျေးနှုန်းမြင့်တက်လာတာက အခြေခံလူထုရဲ့ နေ့စဥ်အကြပ်အတည်း ပိုဖြစ်လာနေတာပါ။

















































