close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်က နျူကလီးယားလက်နက်တွေ ပိုင်မသွားအောင် ရသမျှနည်းနဲ့ တားရမယ်လို့ မြောက်ကိုရီးယားပြော

ဂျပန်ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး ရည်မှန်းချက်တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တားရမယ်လို့ မြောက်ကိုရီးယား အစိုးရက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဂျပန်ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး ရည်မှန်းချက်တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တားရမယ်လို့ မြောက်ကိုရီးယား အစိုးရက ပြောကြားခဲ့ပါတယ်။

အစိုးရပိုင် KCNA သတင်းဌာနက မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သဘောထား မှတ်ချက်တစ်ခုကို ကိုးကား ဖော်ပြခဲ့ရာမှာတော့ ဂျပန်ရဲ့ နျူကလီးယား လက်နက် ရည်မှန်းချက်တွေကို အရာရာ ပုံအောရင်းနှီးပြီး တားဆီးသွားဖို့ လိုတယ်လို့ ပါရှိခဲ့ပါတယ်။

ဂျပန်က နျူကလီးယားလက်နက်တွေ ရရှိလာဖို့ အားထုတ်နေတာ မှန်သမျှကို ဟန့်တားရမှာ ဖြစ်ကြောင်း၊ အဲဒီကိစ္စသာ လက်တွေ့ အထမြောက်သွားရင် အရမ်းကြီးမားတဲ့ ဆိုးကျိုးတွေ ကြုံလာမှာဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက မှတ်ချက်ပေးခဲ့ပါတယ်။

ဂျပန် ဝန်ကြီးချုပ်ရုံး တာဝန်ရှိသူ တစ်ဦးက လက်ရှိ ဖြစ်ပျက်ပြောင်းလဲနေတဲ့ နိုင်ငံတကာ အခင်းအကျင်းတွေနဲ့ လုံခြုံရေး အခြေအနေတွေအရ ဂျပန်ဟာလည်း နျူကလီးယားလက်နက် ပိုင်ဆိုင်သင့်တယ်လို့ ယူဆကြောင်း ပြောကြားခဲ့တဲ့နောက် မြောက်ကိုရီးယားက အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အနုမြူလက်နက်တွေနဲ့ တိုက်ခိုက်မှုကို လက်တွေ့ ကြုံခဲ့ဖူးတဲ့ တစ်ခုတည်းသော ကမ္ဘာ့နိုင်ငံဖြစ်တဲ့ ဂျပန်က နျူကလီးယား လက်နက် ထိန်းသိမ်းရေး အခြေခံ မူတွေကို ပြန်လည် ဆန်းစစ်သွားမယ်လို့ ပြောကြားခဲ့ပြီး ဒါဟာ နျူကလီးယား စစ်လက်နက်တွေ ပိုင်ဆိုင်ဖို့ ဂျပန်ရဲ့ ပြောင်ပြောင်တင်းတင်း စတင် ခြေလှမ်းလာမှု ဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

ဂျပန်မှာ နျူကလီးယားလက်နက် မပိုင်သင့်ဘူးလို့ အပြင်းအထန် ကန့်ကွက်နေတဲ့တိုင် မြောက်ကိုရီးယား ကိုယ်တိုင်ကတော့ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကို အာခံပြီး နျူကလီးယား စစ်လက်နက်တွေကို သုတေသနပြု ထုတ်လုပ်နေခဲ့ပါတယ်။

တောင်ကိုရီးယားမှာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်နိုင်အောင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခွင့်ပြုလိုက်တဲ့နောက် ဂျပန်ကပါ အတင့်ရဲလာပြီး နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ စိတ်ကူးလာတာလို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

ဂျပန်သာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်သွားမယ်ဆိုရင် အာရှနိုင်ငံတွေသာ မကဘဲ လူသားမျိုးနွယ်စု တစ်ခုလုံးပါ ဆိုးရွားတဲ့ နောက်ဆက်တွဲ နျူကလီးယား အကျပ်အတည်းတွေ ရင်ဆိုင်ရလိမ့်မယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက KCNAဆီကို မှတ်ချက်ပေးခဲ့ပါတယ်။ KCNAရဲ့ သတင်းထဲမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေအကြောင်း ထည့်ပြောမထားပါဘူး။

မြောက်ကိုရီးယားဟာ နျူကလီးယား စစ်လက်နက်တွေ ပိုင်ဆိုင်မှုကို အတည်ပြုထားပေမယ့် အရေအတွက် ဘယ်လောက်များများ ရှိနေသလဲ ဆိုတာကိုတော့ မကြေညာပါဘူး။ ဒါပေမဲ့ နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကိုတော့ တောက်လျှောက် ချဲ့ထွင် တိုးမြှင့်နေတယ်လို့ ယုံကြည်ရပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရပ်နားထားတဲ့ ကမ္ဘာ့အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို လုပ်ငန်း ပြန်လည်ပတ်စေမယ်လို့ ဂျပန်က အတည်ပြုခဲ့ပါတယ်။

သတင်း

ဖျက်အားပြင်း ဧရာမ ငလျင်ကြီးတစ်ခု လှုပ်ခတ်နိုင်ခြေကို ရှားရှားပါးပါး ကြိုတင် သတိပေးထားမှုကို ဂျပန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ကမ်းလွန်ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ဂျပန် ဆက်ဆံရေး တင်းမာနေချိန် ဂျပန်နိုင်ငံနားမှာ တရုတ်နဲ့ ရုရှား စစ်လေယာဉ်တွေ ပူးပေါင်းပြီး ကင်းလှည့် ပျံသန်းခဲ့ပါတယ်။