close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သံတမန်ရေးကို ဦးစားပေးပေမယ့် စစ်အင်အားသုံးဖို့လည်း တွေးထားကြောင်း အီရန်ကို အိမ်ဖြူတော် သတိပေး

အီရန်အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အနေနဲ့ သံတမန်ရေး နည်းလမ်းတွေကိုပဲ ပိုပြီး ဦးစားပေးလိုကြောင်း၊ ဒါပေမဲ့ စစ်အင်အား အသုံးပြုရေး ဆိုတာကိုလည်း အမြဲ တွေးထားကြောင်း အိမ်ဖြူတော်က ခြိမ်းခြောက် ပြောဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အီရန်အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အနေနဲ့ သံတမန်ရေး နည်းလမ်းတွေကိုပဲ ပိုပြီး ဦးစားပေးလိုကြောင်း၊ ဒါပေမဲ့ စစ်အင်အား အသုံးပြုရေး ဆိုတာကိုလည်း အမြဲ တွေးထားကြောင်း အိမ်ဖြူတော်က ခြိမ်းခြောက် ပြောဆိုသွားခဲ့ပါတယ်။

အီရန် နျူကလီးယား ထိန်းချုပ်ရေးကိစ္စအတွက် အမေရိကန်နဲ့ အီရန်တို့ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးမှာဖြစ်ပြီး အဲဒီအတွက် အိုမန်နိုင်ငံမှာ နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ အိုမန်က အစည်းအဝေး မတိုင်ခင် တစ်ရက်အလိုမှာတော့ အိမ်ဖြူတော်က အဲဒီ ညှိနှိုင်းမှုတွေ အလုပ်မဖြစ်ခဲ့ရင် ထရမ့်က အမေရိကန်ရဲ့ စစ်အင်အားကို အသုံးချနိုင်တယ်ဆိုတဲ့ သတိပေးစကားကို ထုတ်ပြောလာတာ ဖြစ်ပါတယ်။

ဧရာမ ရေတပ်ကြီးလို့ ထရမ့်က ရည်ညွှန်းထားတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဦးဆောင်တဲ့ တိုက်ရေယာဉ်အုပ်ဟာ လောလောဆယ် အရှေ့အလယ်ပိုင်း ဒေသထဲက အိန္ဒိယ သမုဒ္ဒရာ ရေပြင်မှာ ရှိနေပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံတဝိုက် အာရပ်နိုင်ငံတွေမှာ အမေရိကန်ရဲ့ စစ်လေယာဉ်တွေကိုလည်း ထရမ့်ရဲ့ အမိန့်အရ အလုံးအရင်း ဖြန့်ကျက် အခြေစိုက်ထားပါတယ်။

အိုမန်မှာတော့ အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေဟာ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးကြမလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ အမေရိကန်က အီရန်ရဲ့ ဒုံးကျည်နဲ့ လက်နက်တိုက် ကိစ္စလိုမျိုးတွေကိုပါ ထည့်သွင်း စကားပြောလိုပေမယ့် အီရန်ကတော့ နျူကလီးယား နည်းပညာ ထိန်းချုပ်ရေး တစ်ခုတည်းကိုပဲ အာရုံစိုက်လိုကြောင်း တုံ့ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ရန်သူကိုပဲဖြစ်ဖြစ်၊ မဟာမိတ်ကိုပဲဖြစ်ဖြစ် ပြဿနာတစ်ခုခု ကြုံလာတဲ့အခါ အရင်ဆုံး သံတမန်ရေးအရ ဖြေရှင်းဖို့ ဆိုတာဟာ သမ္မတ ထရမ့်ရဲ့ အမြဲတမ်း ဦးစားပေး ရည်ရွယ်ချက် ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သူက အီရန်အပေါ် ထရမ့်ရဲ့ တောင်းဆိုမှုဟာ နျူကလီးယားနဲ့ ပတ်သက်လို့ သုညမှတ်အထိ စွန့်လွှတ်ရမယ်ဆိုတဲ့ သဘောထားကနေ အလျှော့ပေးမှာ မဟုတ်ကြောင်းလည်း ထပ်လောင်း အတည်ပြုသွားပါတယ်။ သမ္မတ ထရမ့်အနေနဲ့ သဘောတူညီမှု တစ်ခုခု ရလာဖို့ကိုပဲ မျှော်လင့်နေကြောင်း၊ အဆင်မပြေရင်တော့ စစ်ရေးကိစ္စ အပါအဝင် တခြားရွေးချယ်စရာတွေကို စဉ်းစားမှာဖြစ်ကြောင်း လီယာဗစ်က သတိပေးသွားပါတယ်။

အီရန်က ပုဂ္ဂိုလ်တွေ အနေနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးချုပ်ဟာ ကမ္ဘာ့သမိုင်းမှာ စွမ်းအားအမြင့်ဆုံး စစ်တပ်ကြီးကို အမိန့်ပေးခွင့် ရှိနေတယ်ဆိုတာ မမေ့ကြဖို့ သူမျှော်လင့်ကြောင်းလည်း လီယာဗစ်က ပြောပါတယ်။ အမေရိကန်မှာ သမ္မတဟာ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ပါတယ်။

အီရန် အစိုးရကတော့ နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီဟာ အိုမန်မှာ အစည်းအဝေးတက်ဖို့ ဖေဖော်ဝါရီ ၅ ရက်နေ့က ထွက်ခွာသွားကြောင်း ကြေညာထားပါတယ်။ အာရက်ချီဟာ မျှတပြီး နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့၊ ဂုဏ်သိက္ခာရှိတဲ့ သဘောတူညီမှု တစ်ခုခုကို ရှာဖွေလာနိုင်ဖို့ မျှော်လင့်နေကြောင်း အီရန် အစိုးရက ထုတ်ပြန်ပါတယ်။ သူဟာ မတ်စ်ကက်မြို့မှာ ထရမ့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် ဦးဆောင်တဲ့ အမေရိကန် အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ အရေးပေါ်အခြေအနေ(National Emergency)ကို တစ်နှစ်သက်တမ်းတိုးမြှင့်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်မလာခင်မှာ လုပ်ကြံဖို့ ကြိုးစားခဲ့သူကို အမေရိကန် တရားရုံး တစ်ခုက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကို လက်နက်ရောင်းချမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် အနေနဲ့ အမြော်အမြင်ရှိရှိ ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ပြောကြားခဲ့ပါတယ်။

သတင်း

အီရန်ကို ပစ်မှတ်ထားလာတဲ့ ဘယ်လို စစ်ရေးတိုက်ခိုက်မှုမဆို ဒေသတွင်း စစ်ပွဲကြီး အဆင့်ထိ ကျယ်ပြန့်သွားစေနိုင်တယ်လို့ အီရန် အစိုးရ ခေါင်းဆောင်က သတိပေး ပြောကြားလိုက်ပါတယ်။