မိုးကုတ်ဒေသ လက်လုပ်လက်စား ကျောက်မျက်လုပ်ကွက် ဧကရှစ်သောင်းကျော်ကို ကျောက်မျက် နည်းဥပဒေ ထွက်ရှိပြီးမှသာ လုပ်ပိုင်ခွင့် ချပေးမည်

ကျောက်မထွက်သည့်မြေများကို လက်လုပ်လက်စားလုပ်ကွက်အဖြစ် ချပေးမည့်အပေါ် ဒေသခံများ မကျေနပ်

မန္တလေးနန်းရှေ့ (၁၄)လမ်းတွင် ညဈေးတန်း တည်ဆောက်ရန် စတင်ပြင်ဆင်

သာယာလှပပြီး ညအချိန် အပန်ဖြေအနားယူနိုင်သည့် ညဈေးတန်းအဖြစ် တည်ဆောက်မည်ဖြစ်ကာ အဆောက်အဦးကြီးများ အခိုင်အမာတည်ဆောက်၍ ရောင်းချသည့် ညဈေးတန်းမျိုး မဟုတ်ကြောင်း

တရုတ်သို့ ကုန်တင်ပို့မူ လျှော့ကျသဖြင့် မန္တလေး-မူဆယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း (၉၀)ရာခိုင်နှုန်းခန့် ရပ်နား

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်တင်ပို့မူ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း(၉၃၀)ကျော် လျှော့ကျခဲ့သည်။

မြို့သာဆေးခြောက်စိုက်ခင်းအမူ သေဒဏ်ချနိုင်သည့် ပုဒ်မများဖြင့် အမူဖွင့်ထားသော်လည်း မကျန်းမာသည့် အမေရိကန်နိုင်ငံသားကို အာမခံပေး

အမေရိကန်သံရုံးဘက်ကနေ မေတ္တာရပ်ခံတယ်။ တရားရေးဌာနရော၊ သက်ဆိုင်ရာအစိုးရအဖွဲ့ရော၊ နိုင်ငံခြားရေးဝန်ကြီးဌာနရောကို မေတ္တာရပ်ခံတယ်။ မစ္စတာဂျွန်ရဲ့ အသက်အန္တရာယ်နဲ့ ပတ်သက်လို့ လိုအပ်တဲ့ ကုသစောင့်ရှောက်မူတွေ ပြုလုပ်ပေးဖို့ လျှောက်ထားတဲ့အတွက် တရားရုံးက ခွင့်ပြုချက်ပေးလိုက်တာပါ

မြန်မာသို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမူ ပိုမိုဝင်ရောက်စေလိုလျှင် ဥပဒေများအား ရှေ့နောက်ညီစွာ ကျင့်သုံးရန် လိုမည်ဟု အမေရိကန်သံအမတ် အကြံပြု

မန္တလေးမြို့ရှိ American Business Corner သို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်(ယာယီ) ပထမဆုံးအကြိမ် လာရောက်

နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးတစ်ဦး မန္တလေးနေအိမ်သို့ ခေတ္တပြန်လာချိန် ကျပ်သိန်း(၁၄၀)ကျော် တန်ဘိုးရှိ ပစ္စည်းများ ခိုးယူခံရ

ကျောပိုးအိတ်အတွင်း အရေးကြီးအချက်အလက်များပါ Dell အမျိုးအစား ရုံးသုံးလက်ပ်တော့ကွန်ပျူတာတစ်လုံး၊ ဖုန်း(၃)လုံး၊ ငွေကျပ်သိန်း(၅၀)နှင့် အမေရိကန်ဒေါ်လာ (၆၀၀)၊ ကျပ်(၁၄၂)သိန်းကျော် တန်ဖိုးရှိပစ္စည်းများ ပါရှိသည်ဟု ဆိုသည်။

ရွေးကောက်ပွဲနီးကပ်လာချိန်တွင် မန္တလေးတိုင်းအစိုးရ ကျပ်(၂၁)ဘီလီယံကျော် အသုံးစရိတ် ပိုရ

ပြည်သူကို လက်ငင်းအကျိုးပြုသည့်ကိစ္စများ လုပ်ဆောင်မည်ဖြစ်ပြီး လွှတ်တော်အမတ်နှင့် ပါတီတာဝန်ရှိသူများမှ မြို့နယ်အလိုက် လိုအပ်ချက်များ ပူးပေါင်းတင်ပြရန် မန္တလေးတိုင်းဝန်ကြီးချုပ်ပြော

အောင်သပြေရွာသားတစ်ဦးကို ငြိမ်းစုစီပုဒ်မ(၁၉)ဖြင့် ထောင်(၃)လ ချ၊ ရဲဖမ်းခံရပြီး (၄)ရက်အတွင်း ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်

အယ်လ်ဖာဘိလပ်မြေ စက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုနှင့် ဆက်စပ်၍ ဖမ်းဆီး၊ထောင်ချခံရသည့် အောင်သပြေဒေသခံ (၉)ဦးရှိပြီး အခြားဒေသခံ (၇၀)ကျော်ကို ဖမ်းဝရန်းထုတ်ထားကြောင်း

အဂတိလိုက်စားမူဖြင့် တရားစွဲထားသည့် ချမ်းအေးသာစံမြို့နယ်ရဲမှူးးနှင့် ဒု-ရဲအုပ်တို့ကို ရုံးထုတ်စစ်ဆေး၊ အမူတွဲတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး တိမ်းရှောင်ထွက်ပြေးနေဆဲ

အမူကိစ္စအဆင်ပြေစေရန်၊ အမူသက်သာစေရန်၊ မညှဉ်းပန်းမနှိပ်စက်ခံရစေရန်၊ အိုးဘိုထောင်မပို့စေရန်နှင့် ဖမ်းဆီးထားသောဆိုင်ကယ် ပြန်လည်ရရှိစေရန်အတွက်ဟုဆိုကာ စုစုပေါင်း ငွေကျပ်(၁၀)သိန်းကို

မြစ်ရေတက်ချိန် အင်းဝမြို့ဟောင်းတွင် ကမ်းပြိုမူများ စတင်ဖြစ်ပေါ်၊ အင်းဝမြို့ရိုးနှင့် ဧရာဝတီမြစ်ကမ်း ပေ(၃၀၀)ခန့်သာ ကွာဝေးတော့

ရှေးဟောင်းနယ်မြေဖြစ်သည့် အင်းဝမြို့ဟောင်းအနီး အိုးတုတ္ထန်းရပ်တွင် (၂)ရက်အတွင်း မြစ်ကမ်းပါး အလျားပေ(၃၀)ခန့်နှင့် အနံ(၁၀)ပေခန့် ပြိုကျခဲ့သည်ဟု ဒေသခံများက ဆိုသည်။