ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသည့် ခရိုင်အဆင့် မြို့ကြီး တစ်မြို့ဖြစ်သော ကျောက်မဲမြို့ကို စစ်တပ်က ယမန်နေ့ (အောက်တိုဘာလ ၁ ရက်နေ့ ) နေ့လယ်တွင် ထိန်းချုပ်လိုက်သည်ဟု ဒေသခံများထံက သိရသည်။
မြို့နှင့် သုံးမိုင်အကွာ ခိုမုန်းရွာအား ထိန်းချုပ်ပြီးနောက် ကျောက်မဲမြို့တစ်ခုလုံးအား ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။
စစ်တပ်က TNLA ထိန်းချုပ်သည့် မိုးကုတ်နှင့် သီပေါမြို့များအား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာနိုင်သည်ဟု နိုင်ငံရေး အကဲခတ်များက မှတ်ချက်ပြုထားသည်။
သတင်း – ကျော်ဇင်ဝင်း၊ တည်းဖြတ်၊ တင်ဆက် – ကိုလှိုင်း
——————————————-
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်



