အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်တပ်ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကိုအယုံအကြည်မရှိကြောင်းNUGနှင့် တိုင်းရင်းသားလက်နက်ကိုင်များတုံ့ပြန်

ကိုယ့်ကိုယ်ကို သမ္မတဘွဲ့ ပြန်ပေးထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အပေါ်  လက်ခံနိုင်စရာမရှိကြောင်း နဲ့ အယုံအကြည်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ချင်းအမျိုးသားတပ်ဦး (CAN/CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ဧပြီလ ၂၁ရက်နေ့မှာ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဧပြီ၂၀ရက်နေ့က နေပြည်တော်မှာလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ခုလို ပြောဆိုခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်  ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေကိုလဲ  ပညာရေးအားနည်းတာကြောင့် ဖြစ်လာတာလို့ ပြောခဲ့ကာ လာမယ့် ဇူလိုင် ၃၁ရက် နောက်ဆုံးထားပြီး ရက်(၁၀၀)အတွင်း အလင်းဝင်ဖို့ ပြောဆိုလာတာပါ။

စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ဖို့ အပါအဝင် တော်လှန်ရေး ရည်မှန်းချက် ၆ချက် ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်ထားပါတယ်။ဒီအချက်တွေ ရတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့  ဖိတ်ခေါ်မှုကို လက်ခံစရာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရက လဲ  ပြောပါတယ်။

သတင်း/တင်ဆက်-မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button