တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ အပါအဝင် မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေးကျင့်သုံးမယ်လို့ အရပ်ဝတ်အသွင်ပြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီ ၂၃ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ဟာ ကာကွယ်ရေးဦးစီးချုပ်အသစ် ရဲဝင်းဦး လက်ထက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
မြို့နယ်တွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို စစ်တပ်ဘက်ကို လွှဲအပ်လိုက်တာကြောင့် အရပ်သားပစ်မှတ်တွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ ပိုမိုတိုးလာနိုင်တယ်လို့ CDM စစ်တပ်အသိုင်းအဝိုင်းနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက သတိပေးနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်လက်ပြင်းထန်နေပြီး သင်္ကြန်ကာလအတွင်း ဘုန်းကြီးကျောင်းတွေပါ မချန် တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။
ကိုလှိုင်း/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



