အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“တပ်ကပျက်မသွားဘဲနဲ့ ရင့်ကျက်တည်ငြိမ်လာတဲ့တပ် ဖြစ်လာတယ်”

“နယ်မြေတွေဆုံးရှုံးခဲ့ရတယ်ဆိုတာ ကျွန်တော်တို့ ဝန်ခံတယ်။ ဒီအနေအထားမှာ တပ်ကပျက်မသွားဘဲနဲ့ ရင့်ကျက်တည်ငြိမ်လာတဲ့တပ် ဖြစ်လာတယ်။ လောကဓံကော၊ တိုက်ပွဲကြီးကော ဖြတ်သန်းပြီးတဲ့တပ်ဖြစ်ပြီး တည်ဆောက်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ လက်ရှိအချိန်က အားအရဆုံးအချိန် ဖြစ်ပါတယ်”

တပ်ရင်းသုံးရင်းဖြင့် ဗျူဟာအဆင့် ဖွဲ့စည်းလိုက်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့မှ နည်းဗျူဟာမှူး ရဲဘော်ဒေါင်းလမ်းနှင့် တွေ့ဆုံမေးမြန်းခြင်း

သီးခြားလွတ်လပ်သော တော်လှန်ရေးတပ်ဖွဲ့တစ်ခုအဖြစ် စတင်ခဲ့သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့သည်  ပြီးခဲ့သည့်ရက်များက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၊ စစ်ရုံးချုပ်၏ ကွပ်ကဲမှုကို ခံယူပြီး တပ်ရင်းသုံးရင်းရှိ ဗျူဟာအဆင့်စုဖွဲ့မှုကို စစ်ကိုင်းတိုင်းအတွင်း ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီး အခြားနယ်မြေများသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ရသော်လည်း NUG- MOD ၏ စစ်ရုံးချုပ်အောက်တွင် ဗျူဟာအဆင့်စုဖွဲ့မှုလုပ်ဆောင်နိုင်ခဲ့ပြီး အထူးလှုပ်ရှားတပ်မအဖြစ် အမည်ပြောင်းလဲလိုက်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး ( MDY-PDF) လက်အောက်ခံ ဗျူဟာတပ်ဖွဲ့ဖြစ်လာသည်။

စစ်မျက်နှာပြင်အသီးသီးမှ တိုက်ခိုက်ရေးအင်အားများကို ပြန်လည်စုစည်းကာ “ ချေမှုန်းရေး မွမ်းမံသင်တန်း” တစ်ခုကို ပြီးစီးခဲ့ကာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းနေ့မှာပင် တပ်ရင်းသုံးရင်းဖြင့်  ဗျူဟာအဆင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှ လူငယ်လူရွယ်များနှင့် နိုင်ငံရေးသမား တက်ကြွလှုပ်ရှားသူများက စုစည်းကာ မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) အဖြစ် နှစ်နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ကြပြီးနောက် ပကဖမှ နုတ်ထွက်ကာ မတ္တရာမျိုးမှန်တပ်ဖွဲ့အဖြစ် သီးခြားရပ်တည်ခဲ့ကြသည်။ ထို့နောက် “၁၀၂၇ စစ်ဆင်ရေး” ကာလများအတွင်း  MDY-PDF နှင့်အတူ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ နောင်ချိုနယ်တို့မှ တိုက်ပွဲများတွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည်။

ရိုက်ကူး – မိုးဦး/ Myanmar Now 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button