အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ထရမ့်ရဲ့ ခရီးစဉ်မှာ ထိုင်ဝမ်ကိစ္စအတွက် ဆက်ဆံရေး မထိခိုက်စေဖို့ တရုတ်သတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံကို တရားဝင်ခရီး လာရောက်ဖို့ ရက်သတ္တပတ်ပိုင်းလောက်ပဲ လိုတော့ချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ ဧပြီလ ၃၀  ရက်နေ့က  ဖုန်းနဲ့ ဆက်သွယ် ပြောဆိုရာမှာ  ဝမ်ယိက အမေရိကန်နဲ့ တရုတ်တို့ကြားမှာ “တည်ငြိမ်မှု” ကို ထိန်းသိမ်းဖို့ တိုက်တွန်းလိုက်ပြီး ထိုင်ဝမ်ကိစ္စဟာ အရေးကြီးဆုံးကိစ္စတစ်ခု ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

 သမ္မတထရမ့်ရဲ့ ခရီးစဉ်အတွက် စီစဉ်ဖို့ ဖြစ်တဲ့ ဒီဖုန်းခေါ်ဆိုမှုအတွင်းမှာ   အရှေ့အလယ်ပိုင်းအရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ 

ထရမ့်ဟာ မေလ ၁၄ ရက်ကနေ ၁၅ ရက်နေ့ အထိ  တရုတ်နိုင်ငံကို သွားရောက်ပြီး သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှာ အိမ်ဖြူတော်ကို ပြန်ရောက်လာပြီးနောက်ပိုင်း သူ့ရဲ့ ပြိုင်ဘက်နိုင်ငံဆီ ပထမဆုံးအကြိမ် သွားရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ထရမ့်နဲ့ ရှီကျင့်ဖျင်တို့လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေးက   တည်ငြိမ်နေတယ်  ဆိုပေမဲ့ “ထိုင်ဝမ်ကိစ္စဟာ တရုတ်ရဲ့ အဓိကအကျိုးစီးပွားဖြစ်သလို တရုတ်နဲ့အမေရိကန် ဆက်ဆံရေးမှာလည်း အန္တရာယ်အရှိဆုံးအချက် ဖြစ်တယ်ဆိုတာကို ဝမ်ယိက အဓိက ပြောကြားပါတယ်။

 ဒါ့အပြင် တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့လည်း အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့  ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်တို့နဲ့ အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။

 ထိုင်ဝမ်ဟာ ဂျပန်၊ ဖိလစ်ပိုင်တို့နဲ့ ဆက်နေတဲ့ ကာကွယ်ရေးစည်းတစ်ခုဖြစ်လို့ တရုတ်ရဲ့ သြဇာချဲ့ထွင်မှုကို တားဆီးထားနိုင်တဲ့အတွက်  အမေရိကန်အတွက်တော့ အရေးပါနေတာလည်း ဖြစ်ပါတယ်။  

တကယ်လို့ အမေရိကန်က ထိုင်ဝမ်ကို မကာကွယ်ပေးနိုင်ဘူးဆိုရင် ဂျပန်၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်လို မဟာမိတ်တွေက အမေရိကန်အပေါ် ယုံကြည်မှု ပျက်ပြားသွားပါဖြစ်သလို   အာရှမှာ အမေရိကန်ရဲ့ သြဇာကို အကြီးအကျယ် ကျဆင်းသွားစေမှာပါ ဖြစ်ပါတယ်။တိုက်ရိုက်သစ္စာခံသည့် စစ်ဘက်အုပ်ချုပ်ရေးပုံစံကိုသာ ယုံကြည်ကြောင်း ပြသနေသည်။ 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button