အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မြန်မာနောင်းရဲ့တပတ်တာအတွင်းသတင်းအစီအစဉ်

တပတ်တာထဲမှာ ထူးထူးခြားခြား ဖြစ်ခဲ့တဲ့ သတင်းတွေကို ပြောပြပေးမယ့် Myanmar Now ရဲ့ သတင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။

  • အကျဉ်းကျခံနေရတဲ့  နိုင်ငံအတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  ပတ်သက်ပြီး “ကျခံနေရတဲ့  ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့နေအိမ်မှာ ဆက်လက်ကျခံဖို့ ပြောင်းလဲ သတ်မှတ်ပေးလိုက်တယ်လို့” စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဧပြီလ ၃၀ရက်နေ့မှာ  ကြေညာသွားပါတယ်။ စစ်တပ်ထုတ်ပြန်တဲ့ ရုပ်သံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆံပင်ဖြူတွေနဲ့ တွေ့ရပြီး ပန်းရောင်အင်္ကျီ အရောင်ဖျော့ဖျော့၊ အနက်ရောင်အပေါ် အဖြူဖောက်ထားတဲ့ လုံခြည်နဲ့ မြင်တွေ့ရပါတယ်။
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေ စိုးမိုးထိန်းချုပ်ထားတဲ့  မြို့နယ်တွေအပါအဝင် မြို့နယ် ၆၀ ကို အရေးပေါ် အခြေအနေနဲ့  စစ်အုပ်ချုပ်ရေး ကျင့်သုံးသွားမယ်လို့  ဧပြီ ၂၃ ရက်စွဲနဲ့ အရပ်ဝတ်အသွင်ပြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  ကြေညာလိုက်ပါတယ်။
  • ချင်းပြည်နယ်ရဲ့  ဒုတိယမြို့တော်လဲ ဖြစ်၊ လေဆိပ်လဲ ရှိတဲ့ ဖလမ်းမြို့ကို လေကြောင်းနဲ့ မြေပြင်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေခဲ့တဲ့ အာဏာသိမ်းစစ်တပ်ဟာ ဧပြီ၂၅ရက်မှာ ပြန်ထိမ်းချုပ်သွားနိုင်ခဲ့ပါတယ်။
  • လူအသေအပျောက်အများဆုံး တော်လှန်ရေးတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်လာတဲ့ ရှမ်းတောင် ဖယ်ခုံအခြေစိုက်တပ်တွေအကြား ပစ်ခတ်မှုကို ကရင်နီပူးတွဲစစ်ဦးစီးကော်မတီက စုံစမ်းနေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ က မြန်မာနောင်းကို ပြောတဲ့ သတင်းတွေကို တင်ဆက်ပေးသွားပါမယ်။

တင်ဆက်-သဇင်လှိုင်  တည်းဖြတ်-မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button