အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရခိုင်မှာ မိုး၊ လေပြင်းထန်ပြီး စစ်ရှောင်တွေ အရေးပေါ်အကူအညီလို

ဧပြီ ၂၈ ရက်နေ့ကစလို့ မိုးစရွာလာတာဖြစ်ပြီး၊ ဧပြီ ၂၉ ရက်နေ့မှာတော့ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်းတွေပါ တိုက်ခတ်ခဲ့ပါတယ်။ ဒါကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာ စစ်ဘေးရှောင်စခန်းမှာ နေအိမ်တွေ အများအပြား ပျက်စီးခဲ့ပါတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ စစ်ရှောင်စခန်းမှာ ၇၀ ရာခိုင်နှုန်းလောက်အထိ ပျက်စီးသွားတယ်လို့ စခန်းတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ လေပြင်းတိုက်ပြီးတဲ့နောက် တစ်ညလုံးဆက်တိုက် မိုးရွာခဲ့တာကြောင့် စစ်ဘေးရှောင်တွေ နေထိုင်စရာတောင် မလုံလောက်တော့တဲ့ အခြေအနေကို ရောက်ရှိခဲ့ပါတယ်။

သတင်းနှင့်ရိုက်ကူး – ညီထွေး၊ တင်ဆက် – သဇင်လှိုင်

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button