အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

တရုတ်ရဲ့ ဟန့်တားနှောက်ယှက်မှုများ ရှိသော်လည်း မဟာမိတ် အာဖရိကတိုက် ခရီးစဉ်မှ ထိုင်ဝမ်သမ္မတ ပြန်ရောက်

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ဟာ အာဖရိကတိုက်ရဲ့ တောင်ဘက်အစွန်ပိုင်းက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ Eswatini (အဲ့ဆွာတီနီ) နိုင်ငံကို သံတမန်ခရီးစဉ်အဖြစ် မေလ ၂ ရက်က သွားရောက်ခဲ့ပါတယ်။

အဲဒီခရီးစဉ်မှာ သူဟာ တရုတ်နဲ့ ရင်းနှီးတဲ့နိုင်ငံတွေရဲ့ လေပိုင်နက်ကို ရှောင်ကွင်းဖို့အတွက် အိန္ဒိယသမုဒ္ဒရာ တောင်ဘက်ပိုင်းကနေ ပတ်ပြီး ပျံသန်းခဲ့ရတာ ဖြစ်ပါတယ်။

အရင်က ဆွာဇီလန် (Swaziland) လို့ လူသိများတဲ့   Eswatini နိုင်ငံဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန် ဆက်ဆံရေးရှိတဲ့ နိုင်ငံ ၁၂ နိုင်ငံထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။

သမ္မတလိုင်ဟာ အခုခရီးစဉ်နဲ့ပတ်သက်လို့ တရုတ်ရဲ့ ကြားဖြတ်နှောင့်ယှက်မှုတွေကို ရှောင်လွှဲဖို့အတွက် “ရောက်မှကြေညာတဲ့” (Arrive Then Announce) ဆိုတဲ့ သံတမန်ရေးရာ နည်းဗျူဟာကို အသုံးပြုခဲ့ ပါတယ်။

သူစီးနင်းလိုက်ပါခဲ့တဲ့ လေယာဉ်ဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး အရှေ့တောင်အာရှနဲ့  အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းကတစ်ဆင့် အာဖရိကသို့ ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ သတင်းအချို့မှာ ဆိုထားပေမယ့်   ခရီးစဉ်လမ်းကြောင်း အသေးစိတ်ကိုတော့ လုံခြုံရေးအရ  ထုတ်ပြန်မထားပါဘူး။

Bloomberg သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ဂျာမနီနဲ့ ချက်သမ္မတနိုင်ငံတို့ကလည်း အဲဒီခရီးစဉ်အတွက် ဥရောပကနေ ဖြတ်သန်းသွားလာခွင့် တောင်းခံမှုကို ငြင်းဆန်ခဲ့ကြတယ်လို့ သိရပါတယ်။

သမ္မတလိုင် လိုက်ပါလာတဲ့   A340 လေယာဉ်ဟာ မေလ ၄ ရက်နေ့မှာ  Eswatini ကနေ ထိုင်ဝမ်ကို ပြန်လည်ထွက်ခွာလာခဲ့ရာမှာလည်း တရုတ်ဘက်က နှောက်ယှက်မှာကို စိုးရိမ်တာကြောင့် ပြန်မယ့်နေ့ရက်ကို မကြေညာခဲ့သလို့   လမ်းခရီးမှာ ပေကျင်းနဲ့ စီးပွားရေး၊ သံတမန်ရေးအရ အလွန်ရင်းနှီးတဲ့ မောရစ်ရှ   နဲ့  မာဒါဂတ်စကာ တို့ရဲ့ လေကြောင်း ထိန်းချုပ်မှုနယ်မြေတွေကို ရှောင်ကွင်းဖို့အတွက် အိန္ဒိယသမုဒ္ဒရာရဲ့ အောက်ဘက်ပိုင်းကနေ လမ်းကြောင်းအဝေးကြီး ပတ်ပြီး ပျံသန်းခဲ့ရတာဖြစ်ပါတယ်။

လေယာဉ်ပျံသန်းမှု ခြေရာခံအက်ပ်တွေရဲ့ အဆိုအရ လေယာဉ်ဟာ သြစတြေးလျနိုင်ငံပိုင် ခရစ်စမတ်ကျွန်း (Christmas Island)၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေပေါ်ကနေ ဖြတ်သန်းပြီးမှ ထိုင်ဝမ်လေပိုင်နက်ထဲကိုဝင်ပြီး ထောင်ယွမ် (Taoyuan) လေဆိပ်ကို ဆင်းသက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ  တရုတ်အစိုးရက အာဖရိကနိုင်ငံအားလုံးအပေါ် ကောက်ခံနေတဲ့ သွင်းကုန်ခွန်တွေကို ပယ်ဖျက်ပေးခဲ့‌ပေမယ့် ထိုင်ဝမ်ကို အသိအမှတ်ပြုတဲ့ Eswatini ကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

 သမ္မတ လိုင်ချင်းတယ်ဟာ  ဒီနေ့ မေလ ၅ ရက်မှာတော့ ထိုင်ဝမ်ကို ပြန်ရောက်လာခဲ့ပြီးတဲ့နောက်   ထိုင်ဝမ်အနေနဲ့ ဘယ်လိုဖိအားပေးမှုမျိုးကိုမှ အလျှော့ပေးမှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button