မလေးရှားအစိုးရက တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးနှိမ်နင်းတဲ့ စစ်ဆင်ရေးတွေကို နိုင်ငံတစ်ဝန်း အရှိန်မြှင့်ဆောင်ရွက်နေပြီး၊ ၂၀၂၆ နှစ်ဝက်အတွင်း မြန်မာအပါအဝင် နိုင်ငံခြားသား ၃၆,၉၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။ ကွာလာလမ်ပူ၊ ဆလန်ဂေါနဲ့ ဂျဟိုးဒေသတွေက စက်မှုဇုန်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ဈေးတန်းတွေဟာ အဓိက စီးနင်းဖမ်းဆီးခံနေရတဲ့ နေရာတွေ ဖြစ်ပါတယ်။
အဖမ်းအဆီးတွေ ဆက်တိုက်ဖြစ်လာတာကြောင့် မလေးရှားရောက် မြန်မာအလုပ်သမားအများအပြားဟာ အလုပ်မဆင်းရဲတော့သလို အလုပ်ရှင်တွေကလည်း မြန်မာအလုပ်သမားအသစ် ခန့်ထားဖို့ တွန့်ဆုတ်လာကြပါတယ်။ တချို့ဖမ်းဆီးခံရသူတွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်သူတွေ ဖြစ်တာကြောင့် စစ်ကောင်စီသံရုံးဘက်က CI စာရွက်စာတမ်းထုတ်ပေးမှု ကြန့်ကြာတာ၊ နိုင်ငံကူးလက်မှတ် သိမ်းဆည်းခံရတာလို ပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အခုရုပ်သံမှာတော့ အဖမ်းအဆီးတွေကြား ပုန်းအောင်းနေထိုင်ရတဲ့ မလေးရှားရောက် မြန်မာတွေရဲ့ လက်ရှိဘဝ၊ UNHCR အသိအမှတ်ပြုကတ် ကိုင်ဆောင်ထားသူတချို့ပါ ဖမ်းဆီးခံနေရတဲ့ အခြေအနေနဲ့ မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို မလေးရှားမှာ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူ မသဲသဲအေး နဲ့ မေးမြန်းတင်ဆက်ထားပါတယ်။
မေးမြန်း၊ တင်ဆက် – သဇင်လှိုင်
ရိုက်ကူး၊ တည်းဖြတ် – မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



