အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကျောင်းသားတွေနဲ့ သတင်းထောက်တွေကို နိုင်ငံအတွင်း နေထိုင်ခွင့် အမေရိကန် ကန့်သတ်

နိုင်ငံခြားသား ကျောင်းသား၊ ကျောင်းသူတွေနဲ့ သတင်းထောက်တွေကို အမေရိကန်နိုင်ငံအတွင်း နေထိုင်ခွင့် ပိုမိုတင်းကျပ်တဲ့ ကန့်သတ်ချက်နဲ့ စည်းမျဉ်းတွေကို သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ကြာသပတေးနေ့မှာ ချမှတ်လိုက်တယ်လို့ AFP သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။

ထရမ့်အစိုးရက ကန့်သတ်လိုက်တဲ့ စည်းမျဉ်းတွေထဲမှာ နိုင်ငံခြားသား သတင်းထောက်တွေဟာ အမေရိကန်နိုင်ငံအတွင်း ရက်ပေါင်း ၂၄၀ သာနေထိုင်ခွင့် ရမှာဖြစ်ပြီး ဒီသတင်းထောက်တွေဟာ ကာလတူ သက်တမ်းတိုးဖို့ ပြန်လည် လျှောက်ထားရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသား သတင်းထောက်တွေကိုတော့ ရက်ပေါင်း ၉၀ သာ နေထိုင်ခွင့်ပြုထားပါတယ်။ ထပ်မံသက်တမ်းတိုး နေထိုင်မယ်ဆိုရင်လည်း ရက် ၉၀ သာ ခွင့်ပြုမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်း ပညာသင်ဖို့ ကျောင်းသားဗီဇာနဲ့ သွားရောက်တဲ့ ကျောင်းသားတွေဟာ ပညာသင်ကာလအလိုက် နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးဖို့ လိုမှာဖြစ်ပြီး အများဆုံး ခွင့်ပြုပေးမယ့် သက်တမ်းကတော့ ၄ နှစ်အထိသာ ဖြစ်ပါတယ်။ 

သမ္မတထရမ့် အစိုးရရဲ့လုပ်ဆောင်ချက်ဟာ ထူးချွန်ထက်မြက်တဲ့ နိုင်ငံတကာ ကျောင်းသားတွေကို စိတ်ပျက်သွားစေပြီး ထိပ်သီးလူရည်ချွန်တွေကို ဆွဲဆောင်နိုင်မယ့် အမေရိကန်ကောလိပ်တွေနဲ့ တက္ကသိုလ်တွေရဲ့ စွမ်းဆောင်ရည်ကို အားနည်းစေလိမ့်မယ်လို့ Presidents’ Alliance အဖွဲ့က ဆိုပါတယ်။

ဒီလို ကန့်သတ်ချက်တွေဟာ အမေရိကန်နိုင်ငံအတွင်း ရွှေ့ပြောင်း ဝင်ရောက်နေထိုင်ခွင့်ကို ထပ်မံ တင်းကျပ်လိုက်တဲ့ ထရမ့်အစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နှိမ်နင်းရေး အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေထဲမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေး အရေးယူမှုတွေနဲ့ တရားဝင်နိုင်ငံသား ဖြစ်ခွင့်ရမယ့် လမ်းကြောင်းတွေကို ကန့်သတ်ချက် အသစ်တွေ ချမှတ်တာတွေလည်း ပါဝင်ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button