အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ခွဲခြားတွေ့ဆုံမှုတွေက အဖြေပေးနိုင်မှာ မဟုတ်ဘူး – ဒေါ်ဇင်မာအောင်၊ NUG နိုင်ငံခြားရေးဝန်ကြီး

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်ဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ရက်အတွင်း စစ်တပ်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို တွေ့ဆုံခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာထရီဆာပီ လာဇရိုဟာ ဇူလိုင် ၁၂ ရက်နေ့မှာ ဘန်ကောက်မြို့မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ဇူလိုင် ၁၃ ရက်နေ့မှာတော့ ပတ္တယားမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးကော်မတီ (NSPNC) တို့နဲ့ ဆက်လက်တွေ့ဆုံခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်ကို အဓိက ဆန့်ကျင်နေတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကတော့ ဒီတွေ့ဆုံမှုတွေမှာ ပါဝင်ခြင်း မရှိခဲ့ပါဘူး။

အခုလို NUG မပါဝင်ဘဲ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုသာ တွေ့ဆုံဆွေးနွေးနေတဲ့ အပေါ်မှာတော့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မေးခွန်းထုတ်လိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရဖို့ဆိုရင် ခွဲခြားရွေးချယ်ပြီး တွေ့ဆုံဆွေးနွေးတာတွေက အဖြေမဖြစ်နိုင်ဘူးလို့ ဒေါ်ဇင်မာအောင်က ဇူလိုင် ၁၄ ရက်နေ့မှာ Myanmar Now ကို ပြောပါတယ်။

မေးမြန်း – စောရယ်

တည်းဖြတ် – ကိုလှိုင်း

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button