အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဗုံးကြဲခံရ၊ နွားကျောင်းသား ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကို စစ်လေယာဉ် သွားရောက် ဗုံးကြဲရာ ဒေသခံ တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရသွားသည်။ လုပ်ငန်းသုံး နွားသုံးကောင်လည်း ထိခိုက်သေဆုံးသည်။

ဇူလိုင်လ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အရှေ့မြောက်ဘက် ထနောင်းကိုင်းလေးကျေးရွာ   ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် နွားကျောင်းနေသူတစ်ဦးသေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။

မွန်းလွဲပိုင်းက တံတားဦးလေဆိပ်မှ စစ်လေယာဉ်တစ်စီး တက်လာသည်ဟု သတင်းထွက်လာပြီး မကြာမီ အဆိုပါ တိုက်ခိုက်မှု  ဖြစ်ပွားခဲ့သည်။  

 ဗုံးများမှာ တောင်ယာခင်းထဲတွင်  နှစ်လုံး၊ လမ်းဘေးတွင်  တစ်လုံး  ကျရောက်ပေါက်ကွဲခဲ့ပါသည်။

ပဲသီစိမ်းခင်းထဲတွင် နွားကျောင်းနေသည့် အသက် ၅၀ အရွယ် ဦးမောင်မောင်နှင့် နွားသုံးကောင်မှာ ထိခိုက်ဒဏ်ရာများရကာ သေဆုံးသွားပြီး ပေတစ်ရာခန့်အကွာရှိ နေအိမ်ထဲတွင် ရှိနေသူ သက်ကြီး  အမျိုးသမီးတစ်ဦးခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ခိုက်စဉ်က ရွာနှင့် အနီးပတ်ဝန်းကျင်နေရာများတွင် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှု မရှိဟု သိရသည်။

“ဘာမှမရှိဘူး၊ အလွတ်ကြီးကို၊ ပြည်သူတွေက အေးအေးဆေးဆေးတောထဲမှာပဲ နွားကျောင်းနေတာ၊ သက်သက်မဲ့ကြီးကို လာချသွားတာ၊ စစ်ရှောင်တွေလည်း မရှိဘူး၊ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေတဲ့ရွာပါပဲ”ဟု  ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုဒေသသည် ယခင်ကလည်း လေကြောင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလက ထနောင်းကိုင်းလေးကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ မြေနီလျှိုကျေးရွာအနီးကို လေယာဉ်တစ်စီး၊ ရဟတ်ယာဉ်တစ်စီး သွားရောက် တိုက်ခိုက်ရာ  အရပ်သား ကိုးဦး သေဆုံး၊ ၁၀ ဦး  ဒဏ်ရာရရှိခဲ့သည်။  လောင်စာဆီနှင့် ကုန်တင်ယာဉ် ကိုးစီးခန့်  မီးလောင်ပျက်စီးသွားသည်။

ထိုမြို့နယ်အတွင်း မုံလှကျေးရွာကိုလည်း စစ်တပ်က ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ဂျိုင်ရိုကော်ပတာ သုံးစီး သုံးပြီး တိုက်ခိုက်ရာ အမျိုးသမီးတစ်ဦး သေဆုံး၊  အမျိုးသားနှစ်ဦး  ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုကြောင့် နေအိမ်များ၊ ကား၊ ဆိုင်ကယ်၊ လယ်ထွန်စက်၊ ရိက္ခာစပါးနှင့် လောင်စာဆီပေပါများလည်း ပျက်စီးသွားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button