အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်တပ်စစ်ကြောင်း ဖလူးတောင်ခြေရောက်လာ ၊ BGF နဲ့ ခွဲထွက်DKBA အဖွဲ့ လမ်းပြပေးနေ

အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မြဝတီမြို့တောင်ပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ ထိုးစစ်အရှိန်မြှင့်နေပြီး လက်ရှိမှာ မဲကနယ်–ဖလူးလေးတောင်ခြေအထိ ရောက်ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ KNU ဘက်ကတော့ စစ်ကြောင်းကို BGF တပ်နယ် (၄) နဲ့ ခွဲထွက် DKBA အဖွဲ့တွေက လမ်းပြကူညီနေတယ်လို့ ဆိုပါတယ်။

KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်တပ်စစ်ကြောင်းကို ခုခံတိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်တပ်ဘက်ကလည်း ဒရုန်းနဲ့ တိုက်လေယာဉ်အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဇူလိုင် ၂၈ ရက်က ဝါဆိုသင်္ကန်းကပ်ဖို့ ပြင်ဆင်နေတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကိုလည်း ဗုံးကြဲခဲ့တယ်လို့ KNU က ပြောပါတယ်။

မြန်မာ–ထိုင်းနယ်စပ်တလျှောက် တိုက်ပွဲပြင်းထန်နေမှုကြောင့် ထိုင်းဘက်ခြမ်းကျေးရွာတွေထဲအထိ ကျည်ဆန်နဲ့ လက်နက်ကြီးစတွေ ကျရောက်တာတွေ ရှိနေသလို ထိုင်းစစ်တပ်ကလည်း နယ်စပ်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်နေပါတယ်။ စစ်တပ်ဟာ မြဝတီ–ဝေါ်လေလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် နယ်စပ်ဒေသ စစ်ရေးအခြေအနေဟာ ဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။

ကိုလှိုင်း/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button