အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဦးမင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို ပယ်ချ၊ “အာဆီယံတစ်ဖွဲ့လုံး၏ သဘောတူညီချက်မဟုတ်” ဟုဆို

သမ္မတရာထူးရယူပြီး ရက် ၁၀၀ ပြည့် လွှတ်တော်မိန့်ခွန်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စစ်အစိုးရအပေါ် ခွဲခြားဆက်ဆံကြောင်းလည်း ပြောဆို

သမ္မတရာထူးရယူပြီး ရက် ၁၀၀ ပြည့် အဖြစ် ယနေ့ (ဇူလိုင်လ ၃၁ ရက်) စစ်အုပ်စု၏ ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားရာ၌ အရပ်သားအရေခြုံစစ်ခေါင်းဆောင်  ဦးမင်းအောင်လှိုင်က အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus) သည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

“Five-Point Consensus က အာဆီယံနိုင်ငံအားလုံးရဲ့ Consensus မဟုတ်ဘူး။ အဲဒီအချိန်က အာဆီယံဥက္ကဋ္ဌ (ဘရူနိုင်း)ရဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်ပဲဖြစ်တယ်” ဟု ဦးမင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့သည် ၎င်း၏အစိုးရအပေါ်ကို ခွဲခြားဆက်ဆံမှုများ ပြုလုပ်နေကြောင်း စွပ်စွဲကာ “အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ ခွဲခြားဆက်ဆံတဲ့ သဘောထားတွေကို ကျွန်တော်တို့ သည်းခံခဲ့တယ်” ဟုလည်း ပြောဆိုခဲ့သည်။

ဘုံသဘောတူညီချက် (၅) ချက် အား ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးတွင် သဘောတူခဲ့ခြင်းဖြစ်ပြီး၊ အာဏာသိမ်းပြီး သုံးလမပြည့်မီ အစည်းအဝေးသို့ ဦးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးအပြီး ဘရူနိုင်း၏ အာဆီယံဥက္ကဋ္ဌအဖြစ် ထုတ်ပြန်ချက်တွင် အာဆီယံခေါင်းဆောင်များသည် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးရေး၊ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနှင့် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်တို့ ပါဝင်သည့် အချက်ငါးချက်နှင့်ပတ်သက်သည့်  သဘောတူညီမှု ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီသည် ဘုံသဘောတူညီချက် (၅) ချက် ကို အကောင်အထည်မဖော်နိုင်ခြင်းကြောင့် အာဆီယံက စစ်တပ်၏ နိုင်ငံရေးခန့်အပ်ခံ ကိုယ်စားလှယ်များကို ထိပ်သီးအစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခွင့် မပြုသည့် မူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိသည်။ ထိုင်းနိုင်ငံက မြန်မာကို အာဆီယံ၏ ပုံမှန်အဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံရေးကို မကြာသေးမီက တွန်းအားပေးခဲ့သော်လည်း အာဆီယံသည် နောက်ဆုံးကျင်းပခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ယင်းမူဝါဒကို မပြောင်းလဲဘဲ ဆက်လက်ကျင့်သုံးခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button