ဩဂုတ် ၁၈ ၊ Myanmar now / ကိုလှိုင်း
Narration
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က တရုတ်နိုင်ငံသားပိုင် မြန်မာ ဆေးဗားလ်စပရင်း အင်တာပရိုက် လီမိတက် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော်ဟာ လုပ်ခလစာနဲ့ ခံစားခွင့်တွေ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတာဩဂုတ် ၁၈ ရက်မှာ ၆ ရက်မြောက် ရှိလာပါပြီ။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန်တွေအပါအဝင် ကုန်ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတာကြောင့် နေ့စားခ၊ အချိန်ပိုကြေးနဲ့ ရက်မှန်ကြေးတွေ တိုးမြှင့်ပေးဖို့ အလုပ်သမားတွေဘက်က တောင်းဆိုနေကြတာပါ။
လက်ရှိရရှိနေတဲ့ လုပ်ခလစာဟာ မိသားစုစားဝတ်နေရေးအတွက် မလုံလောက်တာကြောင့် ခုလို ဆန္ဒပြတောင်းဆိုရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားတွေက စက်ရုံဘက်ကို တောင်းဆိုထားတဲ့ အချက် ၉ချက်ထဲမှာ လက်ရှိ တစ်ရက်လုပ်ခ ၇,၈၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် အချိန်ပိုလုပ်ခ OT ကြေးကို လက်ရှိ ၁,၉၅၉ ကျပ်ကနေ ၂,၅၀၀ ကျပ်အထိ တိုးပေးဖို့နဲ့ ရက်မှန်ကြေးကို လက်ရှိ ၂၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်အထိ တိုးမြှင့်ပေးဖို့လည်း တောင်းဆို ထားပါတယ်။



