မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်ရေး ဒီဂျစ်တယ် လုပ်ငန်းစဉ်တွေ ကို စီမံခန့်ခွဲမယ့် စနစ်တစ်ခု တည်ဆောက်ဖို့ အတွက် အာဏာသိမ်း စစ်အုပ်စုက ရုရှားကာကွယ်ရေးဌာနတွေနဲ့ အကျိုးစီးပွားမကင်းတဲ့ ရုရှားနည်းပညာကုမ္ပဏီတစ်ခုနဲ့ စာချူပ် ချုပ်ဆိုလိုက်ပါတယ်။
အမေရိကန် ရဲ့ ဒဏ်ခတ်ခံထားရတဲ့ ရုရှားနည်းပညာလုပ်ငန်းစုကြီး Astra Group ရဲ့ လက်အောက်ခံကုမ္ပဏီခွဲ Astra Consulting LLC နဲ့ မြန်မာစစ်အစိုးရ ရဲ့ အကောက်ခွန်ဦးစီးဌာန တို့ဟာ ဩဂုတ်လ ၁၂ ရက်က နေပြည်တော်မှာ စာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ပြီး မြန်မာအခြေစိုက် Fortitech နဲ့ Garuda Solution တို့ဟာ လည်း ဒီစီမံကိန်းရဲ့ မိတ်ဖက်တွေ အနေနဲ့ ပါဝင်နေပါတယ်။
မြန်မာရဲ့ ဒီ ပလက်ဖောင်းကို အာဆီယံ Single Window နှင့် ချိတ်ဆက်ပြီးသွားရင် ဒေသတွင်း အကောက်ခွန်နဲ့ ကုန်သွယ်ရေး သတင်းအချက်အလက်တွေ ကို ရုရှားကုမ္ပဏီက ရရှိနိုင်မှုအပေါ် စိုးရိမ်စရာဖြစ်လာနိုင်တာကြောင့် သတိထား စိစစ်ကြဖို့ Justice for Myanmar က အာဆီယံအစိုးရတွေကို တိုက်တွန်းထားပါတယ်။
တင်ဆက်-သဇင်လှိုင် ရိုက်ကူး/တည်းဖြတ်-မြတ်ကြီး



