Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်စွန့်ခွာထွက်ပြေးသွားသည့် ဝင်မနားရဲစခန်းကို PDFများဝင်ရောက်ရှင်းလင်း

ဝင်မနားရဲစခန်းကို မေလ၄ ရက်က MDF-PDF၊ KPDFနှင့် မဟာမိတ် PDFတပ်ရင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဝင်မနားရဲစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်စွန့်ခွာထွက်ပြေးခဲ့ပြီးနောက် PDFများ ဝင်ရောက်ရှင်းလင်းနေသည့်မှတ်တမ်းကို Myanmar Defense Force(MDF) က ယနေ့(မေ ၆ ရက်) ထုတ်ပြန်သည်။

“ဝင်မနားရဲစခန်း တစ်ယောက်ထွက်လာ တစ်ယောက်ပစ်။ရိက္ခာလာပို့ ပို့တဲ့သူပစ် ။နောက်ဆုံးတော့ဝင်မနားစခန်းမှခွေးများ စခန်းစွန့်ခွာထွက်ပြေးခဲ့ရ”ဟု MDF က ပြောသည်။

ဝင်မနားရဲစခန်းကို မေလ၄ ရက်က MDF-PDF၊ KPDFနှင့် မဟာမိတ် PDFတပ်ရင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

နယ်မြေရှင်းလင်းရေးကို MDF-PDF နှင့် KPDF မှလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်များ ထောင်ထားခဲ့သောမြေပြင်မိုင်းငါးလုံး ပေါက်ကွဲခဲ့သည်။ PDF များနယ်မြေရှင်းလင်းရေး မပြုလုပ်မီ စခန်းအတွင်းသို့ဝင်ရောက်ခဲ့သော ပြည်သူနှစ်ဦး ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အကျဆုံးအထိခိုက် တစုံတရာမရှိခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် အဆိုပါစခန်းကို MDF-PDF နှင့် KPDFမှ စစ်ကောင်စီတပ်များထပ်မံတပ်မစွဲနိုင်တော့အောင် ပြာပုံအဖြစ်သို့ပြောင်းလဲခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

သတင်း

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် ဖွဲ့စည်းတည်ထောင်နိုင်ခြင်း အပေါ်မြိုင်မြို့နယ်၊ ဆိပ်ဖြူမြောက်ပိုင်း၊ မြစ်ခြေ-ကျွန်းချောင်းမြို့နယ် အစရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။