Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတကသအတွင်းရေးမှူးကိုဝေယံဖြိုး ကျဆုံးမှုအပေါ် တကသများကွန်ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာပို့

စစ်ကိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုဝေယံဖြိုးနှင့် ရဲဘော်ရှစ်ဦးသည် မေ ၉ ရက်က မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းစီးနင်းခံရစဥ် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

(စစ်ကိုင်းတကသ အတွင်း​ရေးမှူးကို​​ဝေယံဖြိုး)

စစ်ကိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုဝေယံဖြိုး ကျဆုံးမှုအပေါ် အခြေခံပညာ ကျောင်းသားသမဂ္ဂများကွန်ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာအား ယနေ့ (မေ ၁၂)ထုတ်ပြန်သည်။

ကိုဝေယံဖြိုးသည် အာဏာရှင်စနစ်အားခုခံတွန်းလှန်ရင်း မေ ၉ ရက်က မြင်းမူနယ်တွင် ဂုဏ်ရောင်ပြောင်ဝင်းစွာ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ကျဆုံးလေပြီးသော ကိုဝေယံဖြိုးအပါအဝင် အာဇာနည်သူရဲကောင်းအပေါင်းသည် အတောင်ရိုက်ချိုး၊ အတက်ကျိုးသည့်တိုင် အရိုးထဲမှ ခွပ်ဒေါင်းတွန်သံမှာ အစဥ်ပြန့်လွင့်လျက်ရှိပေမည်”ဟု အကသကွန်ရက်က ထုတ် ပြန်သည်။

ထို့ကြောင့် ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူများ၏ အသွေးအသားနှင့် ထွင်းထုထားသော တော်လှန်ရေးကမ္ဗည်းအား ကျန်ရစ်ခဲ့သော တော်လှန်ရေးသမား ရဲဘော်များမှ ဆက် လက်ထမ်းဆောင် ရေးထိုးကြရမည်မှာ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်ကြောင်းလည်း ဖော်ပြ သည်။

စစ်ကိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုဝေယံဖြိုးနှင့် ရဲဘော်ရှစ်ဦးသည် မေ ၉ ရက်က မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းစီးနင်းခံရစဥ် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ်အတွင်း ဒေသခံ ၉,၃၄၁ ဦး နေရပ်စွန့်ခွာထွက်ပြေးရပြီး တစ်တိုင်းလုံးတွင် မိမိနေအိမ်၊ နေရပ်စွန့်ခွာသူစုစုပေါင်း ၂၄၀,၆၀၀ ရှိလာပြီဟု အထက်ပါ ကုလသမဂ္ဂအဖွဲ့အစည်းက ဒေသခံအရင်းအမြစ်များ၏အတည်ပြုချက် ရယူဖော်ပြသည်။

သတင်း

အကြမ်းဖက်စစ်တပ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရှစ်ဦးကို နေရာတွင်ပင် လက်ပြန်ကြိုး တုပ်၍ ခေါင်းတေ့ပစ်ပြီး မီးပုံရှို့သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

"ကျော်စွာငြိမ်းက အသက် ၃၃ နှစ်ပါ။ တောင်သူပါ။ အားလုံးကိုစွန့်လွတ်ပြီးသားမို့ ဘယ်လိုအခြေအနေပဲရောက်ရောက် အဆုံးထိတိုက်မယ် လို့ သူအမြဲပြောတတ်ပါတယ်။"ဟု ချောင်းဦး PDF တာဝန်ရှိသူက ပြောသည်။

သတင်း

မေလ ၆ရက်တိုက်ပွဲတွင် ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၄)နှင့်တပ်ရင်း(၁၅)တို့က အကြမ်းဖက်စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြ​ခြင်းဖြစ်သည်။