Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးရိုးမတောင်ခြေတွင် PDFနှင့်တိုက်ပွဲဖြစ်သည့် စစ်ကောင်စီတပ် လေးဦးသေ

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Bago Region PDF က အသိပေးထုတ်ပြန်သည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့် အခမ်းအနားကို မေလ၆ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(တောင်ငူခရိုင်) တပ်ရင်း အမှတ်(၃၅၀၂)တွင် ပြုလုပ်နေစဥ်၊ ဓာတ်ပုံ - Bago Region PDF)

မေလ ၁၂ရက် နေ့လယ် ၂နာရီခန့်တွင် ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပဲခူးရိုးမတောင်ခြေရှိ ဂွေ့ကြီးကျေးရွာနှင့် ဘိုကြီးကျေးရွာစခန်းအကြားတွင် အကြမ်းဖက်စစ်ကောင်စီအင်အား ၁၂ဦးခန့်ပါသည့် စစ်ကြောင်းနှင့် ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ်(၃၈၀၁)တပ်ခွဲ -၂ ၊ တပ်ခွဲ- ၃ ပူးပေါင်းအဖွဲ့ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးခန့်သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးထားသည်။

ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ် ၊ အုပ်ချုပ်ရေးပစ်မှတ် ၊ စီးပွားရေးပစ်မှတ်များအား ပြင်းထန်စွာတိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် နီးကပ်စွာသွားလာလှုပ်ရှားနေထိုင်ခြင်း မပြုဘဲ အထူးသတိထားရန် Bago Region PDF က မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်နှစ်ပြည့် ဖွဲ့စည်းတည်ထောင်နိုင်ခြင်း အပေါ်မြိုင်မြို့နယ်၊ ဆိပ်ဖြူမြောက်ပိုင်း၊ မြစ်ခြေ-ကျွန်းချောင်းမြို့နယ် အစရှိသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

သတင်း

မျက်မြင်အနေအထားအရ အကြမ်းဖက်စစ်ကောင်စီဘက်မှ အယောက် ၂၀နှင့်အထက် သေဆုံးနိုင်ပြီး ရဲဘော်များ တစ်စုံတစ်ရာ အထိခိုက်မရှိ ဘေးလွတ်ရာသို့ဆုတ်ခွာနိုင်ခဲ့သည်ဟုနတ်တောင်နဂါးတပ်ဖွဲ့က ​ပြောသည်။

သတင်း

ရေလယ်ကျွန်းဒေသတွင် အကြမ်းဖက်စစ်တပ်က မေလ၇ ရက်နေ့မှစတင်ကာ ကျေးရွာ၁၀ရွာမှ နေအိမ်အလုံး ၆၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေငွေနှင့်အဖိုးတန်ပစ္စည်းများ အဓမ္မသိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။