Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးတွေရွာနေလို့ စစ်ဘေးရှောင်တွေ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရ

လက်ရှိကာလမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆန်၊ အမိုးအကာနဲ့ ဆေးဝါးစတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုမိုလိုအပ်နေတယ်လို့လည်း KHRG က ဆိုထားပါသေးတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအတွင်းမှာ စစ်ရေးတင်းမာမှုတွေကြောင့် စစ်ဘေးရှောင်တွေ ပိုများပြားလာနေပြီး လတ်တလော မိုးရွာသွန်းမှုတွေကြောင့် စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးဆိုင်ရာပြသနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ထံကနေ သိရပါတယ်။

ကေအဲန်ယူ-သထုံခရိုင်၊ ဖာပွန်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA နဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF)တပ်တို့အကြား ထိတွေ့တိုက်ပွဲတွေပိုမိုဖြစ်ပွားလာနေပြီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်း ပိုမိုများပြားလာနေတာပါ။

ဒါ့အပြင် အခုရက်ပိုင်းထဲမှာ မိုးဆက်တိုက်ရွာသွန်းမှုတွေရှိနေပြီး ဒီလိုမိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် တောတောင်တွေထဲမှာ ပုန်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအန္တရာယ်တွေ ပိုမိုကြုံလာရနိုင်တယ်လို့ KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

“မိုးတွင်းကကျတော့ ရောက်လာတဲ့အပေါ်မှာတော့ ငှက်ဖျားတို့ဘာတို့ ထပ်ရဖို့အတွက် နည်းနည်းအန္တရာယ်ပိုများလာတာပေါ့။ မိုးတွေတအားရွာလို့ရှိရင် အခက်အခဲတွေ အများကြီးကြုံရမယ်လေ။ အဲ့ဒီအပေါ်မှာ ရာသီဥတုဒဏ်လည်း သူတို့ပိုပြီးတော့မှ ခံရမယ်။ ဖျားနာမှုလည်း ပိုပြီးတော့မှကြုံလာရမှာပေါ့” လို့ စောနန္ဒဆူးက ဆိုပါတယ်။

လက်ရှိကာလမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆန်၊ အမိုးအကာနဲ့ ဆေးဝါးစတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုမိုလိုအပ်နေတယ်လို့လည်း KHRG က ဆိုထားပါသေးတယ်။

UNOCHA ရဲ့ ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့မြ၀တီ၊ မွန်ပြည်နယ် ဘီးလင်းနဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ်တွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ဒေသခံပြည်သူ ၁၅၀၀၀ နီးပါး ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေတွေအတွင်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူလူထုဦးရေဟာ ၁၇၀၀၀၀ ကျော်ရှိနေတယ်လို့ KHRG ရဲ့ ပြောကြားချက်အရ သိရပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

သတ်ဖြတ်ခံရသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်လာမှုကြောင့် အုတ်ဖိုရွာနှင့် တစ်မိုင်အကွာရှိ ယောဂီကျောင်းဆောင်၌ ခိုလှုံနေစဥ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယောဒေသတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့များနှင့် တိုက်ပွဲများ နေ့စဥ်ဖြစ်နေသည်။

သတင်း

ကျေးရွာမြောက်ပိုင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပြာကျကာ မီးအားပြင်းလွန်း၍ မည်သူမှ အနားမကပ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

တိုက်ပွဲလုံးဝဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခြင်းဟု KNDFB-08 သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။