Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတူပီမှပြန်လာသည့် စစ်ယာဉ်တန်း CDF တိုက်ခိုက်မှုကြောင့် မိုင် ၁၀၀ခန့်သာဝေးသည့်ခရီး ၁၆ရက်ကျော်ကြာအထိမရောက်သေး

မတူပီမှ ဧပြီ ၂၇ရက်က စတင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ရက်မှ ယနေ့အထိ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာပြီး အချို့နေရာတွင် ၆ မိုင်ခရီးကို ၂ရက်ခန့်သွားနေသည်ဟု ဆလိုင်းဟာအွမ်က ဆိုသည်။

(ချင်းပြည်နယ်တွင် ဖြတ်သန်းသွားလာ​နေ​သော စစ်​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်)

▪️အမိန့်အရသွားနေရသည့် စစ်ကောင်စီတပ် သေဆုံးထိခိုက်များစွာဖြင့် သေမင်းတမံလမ်းကို ဖြတ်သန်းနေရဟုဆို

မတူပီမြို့သို့ အင်အားပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းနှင့် မင်းတပ် ချင်းကာကွယ်ရေးတပ် (CDF)တို့ ယနေ့ညနေပိုင်း၌ တိုက်ပွဲ ပြင်းထန်နေကြောင်း မင်းတပ် CDFက သတင်းထုတ်ပြန်သည်။

ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် ရှေ့တန်းရောက်ရဲဘော်များနှင့် အဆက်အသွယ်ရရန် ခက်ခဲနေ၍ စစ်ကောင်စီတပ်မှ အကျအဆုံး အခြေအနေသိရန် ခက်ခဲနေသည်ဟု ဖော်ပြထားသည်။

ယနေ့တွင် မင်းတပ် – မတူပီ လမ်း မိုင်တိုင် (၁၄)၌ တိုက်ပွဲဖြစ်ပွားနေကြောင်း၊သို့ရာတွင် မင်းတပ် CDF ရဲဘော်များ၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီယာဉ်တန်း မင်းတပ်သို့ ယနေ့ ရောက်ရှိရန် မသေချာကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

မတူပီမှ ဧပြီ ၂၇ရက်က စတင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ရက်မှ ယနေ့အထိ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာပြီး အချို့နေရာတွင် ၆ မိုင်ခရီးကို ၂ရက်ခန့်သွားနေသည်ဟု ဆလိုင်းဟာအွမ်က ဆိုသည်။

“မိုင် ၁၀၀ပဲ ဝေးတဲ့ခရီးကို နှစ်ပတ်လောက်သွားနေရတယ်ဆိုကတည်းက သူတို့ခရီးက အမိန့်အရသာ သွားနေရတယ် သူတို့အတွက်တော့ အထိအခိုက်အကျအဆုံးများစွာနဲ့ သေမင်တမံလမ်းလို သွားနေရတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ် CDFအနေဖြင့် အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်း မင်းတပ်သို့မရောက်မချင်း ဆက်လက်၍ ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဟု ၎င်းက ဆိုသည်။

“ဒီကနေ သူတို့ ကျောက်ထုကို ဆင်းသွားမှာ ကျောက်ထုကနေ ပုံတောင်ပုံညာအထိ ယော PDFတွေ YDFတွေက သူတို့ တက်နိုင်သလောက် သူတို့ရှိသမျှ စွမ်းအားနဲ့ သူတို့ တိုက်ခိုက်လိမ့်မယ်။ ပုံတောင်ပုံညာကျော်ပြီး ပခုက္ကူ – မုံရွာသွားတဲ့အချိန်မှာ အဲဒီဘက်က PDF တက်နိုင်သလောက် စစ်အာဏာရှင်ကိုအလိုမရှိဘူးဆိုတာ ရှိတဲအင်အားနဲ့လုပ်နိုင်သလောက် လုပ်ကြပါ”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ထိုသို့ တိုက်ခိုက်ခြင်းဖြင့် ပြည်သူလူထုက စစ်ကောင်စီတပ်ကို အလိုမရှိကြောင်း သိသာစေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စစ်ယာဉ်တန်းကို မတူပီ CDFကလည်း ၎င်းတို့ မတူပီ ဧရိယာနယ်မြေအတွင်း၌ ခြုံခိုတိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။

သတင်း

ကရင်နီဒေသ ဘောလခဲနှင့် ဖရူဆိုကြား၌လည်း ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့ပြီး စစ်ကောင် စီယာဉ်များလည်း ပျက်စီးခဲ့သည်။

သတင်း

အဲဒီလို ဒရုန်းနဲ့ ဗုံးသီးပစ်ချမှုမှာ အသက်(၈)နှစ်ရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဒဏ်ရာရရှိတဲ့ကလေးကို ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် တာဝန်ရှိခေါင်းဆောင်တွေက ကုသမှုပေးခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

သတင်း

တောင်ဖီလာရပ်ကွက်၊ လေးထပ်ဆောင်ဝန်ထမ်းအိမ်ယာတွင် တပ်စွဲထားသည် စစ်ကောင်စီတပ်ကို CNDFက ယမနန်နေ့ ည ၈နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့သည်။